Difference between revisions 148900 and 148901 on mywiki[[File:HenryWLongFellow1868.jpg|thumb|လောင်းဖဲလိုးအား ၁၈၆၈ ခုနှစ်က တွေ့ရစဉ်]]⏎ ==လောင်းဖဲလိုး၊ အိပ် ဒဗျူ( ခရစ် ၁၈ဝ၇-၁၈၈၂ )== ဟင်နရီ ဝေါ့ဇဝပ် လောင်းဖဲလိုးသည် အမေရိကန်လူမျိုး ထင်ရှားသော စာဆိုတစ်ဦး ဖြစ်သည်။ လူကြီးများအတွက်သာမက ကလေးများအကြိုက် ကဗျာရှည်၊ ကဗျာတိုများ ရေးစပ်ခဲ့သဖြင့် ကလေးတို့၏ အချစ်တော် စာဆိုကြီးဟုလည်း ဆိုအပ်ပေသည်။ သူရေးသားခဲ့သည့် မြောက်မြားလှစွာသော ကဗျာများ အနက် 'ဟိုင်ယာဝါ၊ ညသာ'၊ 'တောရွာမှ ပန်းပဲဆရာ' တို့မှာ အင်္ဂလိပ်စာ သင်ဖူးသူတိုင်းလိုပင် ကလေးသူငယ်အရွယ်ကတည်းက သင်ကြားမှတ်ယူရွတ် ဆိုရသောကဗျာများဖြစ်ပေသည်။ လောင်းဖဲလိုးသည် စာဆိုအဖြစ်ခေတ်သစ် (contracted; show full)ကဗျာအဆင့်အတန်းတွင် အထက်တန်းမကျဟု ဆိုကြလေသည်။ သို့ရာတွင် လောင်းဖဲလိုး၏ အရေးအသားများမှ မမြှော်လင့်ခဲ့သော ကဗျာအလှသဘာဝ ကလေးများကို တစ်ချက်တစ်ချက် တွေ့ရလေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)</ref> == ကိုးကား == <references/> [[Category:နိုင်ငံတကာ ကဗျာဆရာများ]] [[en:Henry Wadsworth Longfellow]] All content in the above text box is licensed under the Creative Commons Attribution-ShareAlike license Version 4 and was originally sourced from https://my.wikipedia.org/w/index.php?diff=prev&oldid=148901.
![]() ![]() This site is not affiliated with or endorsed in any way by the Wikimedia Foundation or any of its affiliates. In fact, we fucking despise them.
|