Difference between revisions 149061 and 272221 on mywiki'''ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း ပါဝင်သည့် ပြည်နယ်နှင့် တိုင်းများ၏ ဖွဲ့စည်းမှု'''သည် ပြည်နယ်နှင့် တိုင်းအသီးသီးတွင် ပါဝင်သော ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာများ၏ ဖွဲ့စည်းမှုအရလည်းကောင်း၊ နိုင်ငံတော်၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးစသည်တို့ တိုးတက်ပြောင်းလဲဖြစ်ပေါ်မှု ဖြစ်စဉ်များအရလည်းကောင်း ယှဉ်တွဲဖြစ်ပေါ်ခဲ့ပါသည်။ ဗြိတိသျှအစိုးရလက်ထက်က ကချင်ပြည်နယ်၊ ချင်းပြည်နယ်တို့ကို တောင်တန်းဒေသများဟူ၍လည်းကောင်း၊ ကယားပြည်နယ်ကို ကရင်နီနယ်များဟူ၍လည်းကောင်း၊ ရှမ်းပြည်နယ်ကို ပဒေသရာဇ်ရှမ်းပြည်နယ်ဟူ၍လည်းကောင်း၊ ရခိုင်ပြည်နယ်ကို ရခိုင်တိုင်းဟူ၍လည်းကောင်း သတ်မှတ်အုပ်ချုပ်ခဲ့ပါသည်။ ထို့အပြင် လက်ရှိ မွန်ပြည်နယ်မှ မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်ကိုလည်းကောင်း၊ လက်ရှိ ကရင်ပြည်နယ်တွင် ပါဝင်နေသော နယ်မြေဒေသအချို့ကို ပူးပေါင်း၍ သံလွင်ခရိုင်အဖြစ်လည်းကောင်း၊ လက်ရှိ ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့ကိုလည်းကောင်း စုစည်း၍ တနင်္သာရီတိုင်း အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ခဲ့ပါသည်။ အလားတူ လက်ရှိ ရန်ကုန်တိုင်းရှိ မြောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင် နယ်မြေများသည် ပဲခူးတိုင်းအတွင်းတွင်လည်းကောင်း၊ လက်ရှိ ကချင်ပြည်နယ်မှ ဗန်းမော်ခရိုင်နှင့် မြစ်ကြီးနားခရိုင်များမှ နယ်မြေအချို့သည် စစ်ကိုင်းတိုင်းတွင်လည်းကောင်း ပါဝင်ခဲ့သည်။ == မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကာလ == ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ယခင်စစ်ကိုင်းတိုင်းတွင် ပါဝင်သော ဗန်းမော်ခရိုင်နှင့် မြစ်ကြီးနားခရိုင်တို့ကို ထုတ်နှုတ်စုစည်း၍ ကချင်ပြည်နယ်အဖြစ်လည်းကောင်း၊ ချင်းတောင်တန်းနယ်များနှင့် ရခိုင်တောင်တန်းများကို စုစည်း၍ ချင်းဝိသေသတိုင်းအဖြစ်လည်းကောင်း၊ ကရင်နီပြည်နယ်ကို ကယားပြည်နယ်အဖြစ်လည်းကောင်း ပြဌာန်းသတ်မှတ်ခဲ့ပါသည်။ == တော်လှန်ရေးကောင်စီအစိုးရကာလ == တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် ၁၉၆၂ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ နယ်ခြားဒေသအုပ်ချုပ်ရေးဥပဒေအရ တည်ရှိခဲ့သော ရခိုင်တိုင်းရှိ မေယုနယ်ခြား ခရိုင်ကို စစ်တွေခရိုင်အောက်တွင် မောင်းတောခရိုင်ခွဲအဖြစ်လည်းကောင်း၊ ရှမ်းပြည်နယ်ရှိ ကျိုင်းတုံ၊ မိုင်းတုံ၊ တာချီလိတ်၊ ကွမ်းလုံနယ်ခြားခရိုင်များကို ကျိုင်းတုံခရိုင်၊ ကွမ်းလုံခရိုင်များအဖြစ်လည်းကောင်း၊ ကချင်ပြည်နယ်ရှိ အရှေ့ပူတာအိုနယ်ခြားခရိုင်ကို ပူတာအိုခရိုင်အဖြစ်လည်းကောင်း သတ်မှတ်၍ လောခေါင်နယ်ခြားခရိုင်ကို မြစ်ကြီးနားခရိုင်အောက် ထည့်သွင်းခဲ့ပါသည်။ == နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကာလ == နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့မှ စတင်ပြီး တာဝန်ယူပြီးနောက် နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး အခြေအနေများအရ မြို့၊ ရွာ၊ ရပ်ကွက်များ ပြင်ဆင်ဖွဲ့စည်းမှုများကို ဆက်လက်ပြုလုပ်ခဲ့ပါသည်။ ထိုသို့ပြုလုပ်ရာတွင် ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၇.၈.၉၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအရ ပဲခူးတိုင်း အနောက်ပိုင်းရှိ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်တို့ကို ပေါင်းစည်း၍ ပဲခူးတိုင်း (အနောက်ပိုင်း) တိုင်းခွဲအဖြစ် ဖွဲ့စည်းခဲ့ပါသည်။ ပြည်နယ်နှင့် တိုင်းများအတွင်း စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး လွယ်ကူချောမွေ့စေရန်နှင့် ဖွံ့ဖြိုးတိုးတက်မှု လျှင်မြန်စေရန်အတွက် တိုင်းခွဲ၊ ပြည်နယ်ခွဲများ သတ်မှတ်ခြင်း၊ ခရိုင်နှင့်မြို့နယ်များ ပြင်ဆင်ဖွဲ့စည်းခြင်း၊ မြို့၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ ပြင်ဆင်ဖွဲ့စည်းခြင်းတို့ကို ပြုလုပ်ခဲ့ရာ ၃၁.၁၂.၂၀၀၁ ရက်နေ့အထိ ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း ပြည်နယ်နှင့် တိုင်း ၁၄၊ ခရိုင် ၆၃၊ မြို့နယ် ၃၂၄၊ မြို့ ၃၁၂၊ ရပ်ကွက် ၂၅၄၈၊ ကျေးရွာအုပ်စု ၁၃၇၄၂ နှင့် ကျေးရွာ ၆၅၁၄၈ အထိ ပြင်ဆင်ဖွဲ့စည်းပြီးဖြစ်ပါသည်။ [[Category:မြန်မာနိုင်ငံ#REDIRECT[[မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများ]] All content in the above text box is licensed under the Creative Commons Attribution-ShareAlike license Version 4 and was originally sourced from https://my.wikipedia.org/w/index.php?diff=prev&oldid=272221.
![]() ![]() This site is not affiliated with or endorsed in any way by the Wikimedia Foundation or any of its affiliates. In fact, we fucking despise them.
|