Difference between revisions 171838 and 183248 on mywiki

{{Infobox တိုင်းပြည်နယ်
| အမည် = ဧရာဝတီတိုင်း
| အလံ = Flag of Ayeyarwaddy Division.svg
| မြို့တော် = ပုသိမ်မြို့
| ဧရိယာ = ၃၅,၁၃၈
| လူဦးရေ = ၆,၆၆၃,၀၀၀
| လူမျိုး = [[ဗမာလူမျိုး|ဗမာ]]၊ [[ရခိုင်လူမျိုး|ရခိုင်]]၊ [[ကုလားလူမျိုး|ကုလား]]၊ [[ကရင်လူမျိုး|ကရင်]]
| ဘာသာတရား = [[ဗုဒ္ဓဘာသာ|ဗုဒ္ဓ]]၊ [[ခရစ်ယာန်ဘာသာ|ခရစ်ယာန်]]၊ [[အစ္စလာမ်ဘာသာ|အစ္စလာမ်]]
| မြေပုံ = MyanmarAyeyarwady.png
}}
'''ဧရာဝတီတိုင်း'''သည် မြန်မာပြည်၏ ဆန်စပါးအဓိကထွက်ရှိရာ ဒေသဖြစ်သည်။ ဧရိယာစတုရန်းမိုင် ၁၃,၅၆၆ ကျယ်ဝန်းသည်။ လူဦရေ ၆.၅ သန်းခန့်ရှိပြီး လူနေသိပ်သည်းမှုမှာ တစ်စတုရမ်းမိုင်လျှင် ၄၆၆ ယောက် ဖြစ်သည်။ [[ဗမာလူမျိုး|ဗမာ]]နှင့်[[ကရင်လူမျိုး]]တို့ အဓိကအားဖြင့် နေထိုင်ကြပြီး အနောက်ဘက်က ကမ်းရိုးတန်းတလျောက် ရခိုင်လူဦးရေအနည်းငယ် နေထိုင်ကြသည်။ အများစုမှာ [[ဗုဒ္ဓဘာသာ]]ဖြစ်ကြပြီး [[ခရစ်ယာန်ဘာသာ]]ဝင်၊ [[အစ္စလာမ်ဘာသာ]]ဝင် အနည်းငယ် နေထိုင်ကြပါသည်။ ဗမာဘာသာစကားသည် အဓိကဘာသာ‌စကားဖြစ်ပါသည်။

== တည်နေရာ ==
ဧရာဝတီတိုင်းသည် [[ဧရာဝတီမြစ်]]၏ မြစ်ဝကျွန်းပေါ်ဒေသဖြစ်ပြီး မြန်မာပြည်၏ အနောက်တောင်ဘက်တွင် တည်ရှိသည်။ နယ်နမိတ်ချင်း ထိစပ်နေသော ပြည်နယ်နှင့်တိုင်းများ လက်စာရစ်အားဖြင့် အနောက်မြောက်တွင် [[ရခိုင်ပြည်နယ်]]၊ မြောက်ဘက်နှင့် အရှေ့ဘက်တွင် [[ပဲခူးတိုင်း]] နှင့် အရှေ့ဘက်တွင် [[ရန်ကုန်တိုင်း]] တို့ဖြစ်သည်။ တောင်ဘက်နှင့် အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော် ရှိသည်။ မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၄၀ မိနစ် မှ ၁၈ ဒီဂရီ   ၃၀ မိနစ် ကြား၊ လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၁၅ မိနစ် မှာ ၉၆ ဒီဂရီ ၁၅ မိနစ် ကြား တွင်တည်ရှိသည်။

== ရာသီဥတု ==
ပင်လယ်နှင့်နီးသောဒေသဖြစ်၍၊ မိုးများပြီးစွတ်စိုသော ရာသီဥတုရှိသည်။

== မြို့တော် ==
ဧရာဝတီတိုင်း၏ မြို့တော်မှာ [[ပုသိမ်မြို့]]ဖြစ်သည်။

== ခရိုင်ရုံးစိုက်ရာမြို့များ ==
ဧရာဝတီတိုင်းအား ခရိုင် ၅ ခုဖြင့် ဖွဲ့စည်းထားပြီး နာဂစ်မုန်တိုင်းအပြီး ၄ လအကြာတွင် လပွတ္တာမြို့အား ခရိုင်ရုံးစိုက်ရာမြို့အဖြစ်တိုးမြင့်ကာသတ်မှတ်လိုက်သည်။ ထို့ကြောင့်ခရိုင်ရုံးများမှာ အောက်ပါမြို့များတွင် ရုံးစိုက်သည်။
* [[ပုသိမ်မြို့]]
* [[ဟင်္သာတမြို့]]
* [[မအူပင်မြို့]]
* [[မြောင်းမြမြို့]]
* [[ဖျာပုံမြို့]]
* [[လပွတ္တာမြို့]]

== မြို့နယ်ရုံးစိုက်ရာမြို့များ ==
ခရိုင် ၅ ခုအား မြို့နယ်၂၆ မြို့နယ်ဖြင့် ဖွဲ့စည်းထားခဲ့ပြီး ၂၀ဝ၈ ခုနှစ်၊ ဩဂုတ်လတွင် လပွတ္တာမြို့နယ်နှင့် မော်လမြိုင်ကျွန်းမြို့နယ် နှစ်မြို့နယ်ကိုပေါင်းကာ လပွတ္တာခရိုင်အဖြစ်တိုးမြှင့်ဖွဲ့စည်းခဲ့သည်။

* ပုသိမ်ခရိုင်
[[ပုသိမ်မြို့]]နယ်၊ [[ကန်ကြီးထောင့်မြို့]]နယ်၊ [[သာပေါင်းမြို့]]နယ်၊ [[ငပုတောမြို့]]နယ်၊ [[ကျုံပျော်မြို့]]နယ်၊ [[ရေကြည်မြို့]]နယ်၊ [[ကျောင်းကုန်းမြို့]]နယ်

* ဟင်္သာတခရိုင်
[[ဟင်္သတမြို့]]နယ်၊ [[ဇလွန်မြို့]]နယ်၊ [[လေးမျက်နှာမြို့]]နယ်၊ [[မြန်အောင်မြို့]]နယ်၊ [[ကြံခင်းမြို့]]နယ်၊ [[အင်္ဂပူမြို့]]နယ်

* မြောင်းမြခရိုင်
[[မြောင်းမြမြို့]]နယ်၊ [[အိမ်မဲမြို့]]နယ်၊   [[ဝိတ်မမြို့]]နယ်

* မအူပင်ခရိုင်
[[မအူပင်မြို့]]နယ်၊ [[ပန်းတနော်မြို့]]နယ်၊ [[ညောင်တုန်းမြို့]]နယ်၊ [[ဓနုဖြူမြို့]]နယ်

* ဖျာပုံခရိုင်
[[ဖျာပုံမြို့]]နယ်၊ [[ဘိုကလေးမြို့]]နယ်၊ [[ကျိုက်လတ်မြို့]]နယ်၊ [[ဒေးဒရဲမြို့]]နယ်

* လပွတ္တာခရိုင်
[[လပွတ္တာမြို့]]နယ်၊[[မော်လမြိုင်ကျွန်းမြို့]]နယ်
[[File:ayeyarwaddy.jpg | thumb |   ဧရာဝတီတိုင်းမြေပုံ]]

== အခြား မြို့ရွာများ ==
* အထောင်
* အိုင်သပြု
* အဖျောက်
* အသုတ်
* ဘော်မိ
* ချောင်းသာ
* ဓမိ
* ကဒုံကနိ
* ကနောင်
* ခမောက်စု
* ကွင်းကောက်
* ကျိုက်လတ်
* ကျုံးဒါး
* ကျုံကဒွန်း
* ကျုံမငေး
* လူခေါင်းကျွန်း
* မဲဇလီကုန်း
* မြင်းကကုန်း
* မြို့ကွင်း
* နိဗ္ဗာန်
* ငါးသိုင်းချောင်း
* ငွေဆောင်
* အုန်းပင်
* ပသွယ်
* ပြင်ခရိုင်
* ပျဉ်ရွာ
* စက္ကော့
* စက်ဆန်း
* ရှမ်းရွာ
* ရှောပြာ
* ရွှေလောင်း
* ရွှေမြင်တင်
* ရွှေတောင်မှော်
* ဆင်မ
* တဂရက်
* တောင်ကလေး
* သစ်ပြုတ်
* သုံးခွ
* ထူးကြီး
* [[ဝါးခယ်မမြို့]]
* ရေလဲကလေး
* ရွာသစ်
* ဆကာကြီး
* ဇီးချိုင်
* ဒါးက
* ဟိုင်းကြီးကျွန်း

== စိတ်ဝင်စားဖွယ်နေရာများ ==
* [[ရွှေမုဋ္ဌောဘုရား]]
* [[ငွေဆောင်ကမ်းခြေ]] အပန်းဖြေစခန်း
* [[ချောင်းသာကမ်းခြေ]] အပန်းဖြေစခန်း
* [[မော်တင်စွန်းဘုရား]]
<ref>D.P.S. MYANMAR GUIDE MAP. 2000.</ref>

== စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ ==

== ဒေသထွက်ကုန်များ ==
ဧရာဝတီတိုင်းသည် မြန်မာနိုင်ငံ၏ ဆန်စပါးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသည့် စပါးကျည်ကြီး ဖြစ်သည့်အပြင် သစ်တောထွက်ပစ္စည်းများပါ အများအပြား ထွက်ရှိသည်။ ထို့အပြင် ပြောင်း၊ မြေပဲ၊ နေကြာနှင့် ဂုန်လျှော် တို့ပါစိုက်ပျိုး ထုတ်လုပ်ပြီး ငါးဖမ်းလုပ်ငန်းမှာလည်း များစွာအရေးပါလှသည်။ ငါးဖမ်းလုပ်ငန်းနှင့် အတူ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်လုပ်ငန်းများလည်း များစွာဖွံဖြိုးသည်။

== တက္ကသိုလ်နှင့် ကောလိပ်များ ==
* [[ပုသိမ်တက္ကသိုလ်]]
* [[ဟင်္သာတတက္ကသိုလ်]]
* [[မအူပင်တက္ကသိုလ်]]
* [[ပုသိမ်ပညာရေးကောလိပ်]]
* [[ဘိုကလေးပညာရေးကောလိပ်]]
* [[မြောင်းမြပညာရေးကောလိပ်]]

== ကိုးကား ==
<References />

မှတ်ချက်။ ။အချက်အလက်များ နှင့် မူရင်းရေးသားသူ မှာ www.wikimyanmar.org မှ ကိုရွက်ဝါဖြစ်ပါသည်။--[[User:လဂွန်းအိန်|လဂွန်းအိန်]]   ၀၉:၀၄၊ ၂၂ ဧပြီ ၂၀၀၉ (UTC)
<br />
<br />
{{ပထဝီဝင်တည်နေရာ
|Centre    = ဧရာဝတီတိုင်းဒေသကြီး
|North     = [[ပဲခူးတိုင်း|ပဲခူးတိုင်းဒေသကြီး]]
|Northeast = [[ရခိုင်ပြည်နယ်]]
|East      = [[ရန်ကုန်တိုင်း|ရန်ကုန်တိုင်းဒေသကြီး]]
|Southeast = 
|South     = [[မြန်မာ့ပင်လယ်|မြန်မာ့ပင်လယ်]]
|Southwest = 
|West      = [[ဘင်္ဂလားပင်လယ်အော်|ဘင်္ဂလားပင်လယ်အော်]]
|Northwest = 
}}
<br />
{{ဧရာဝတီတိုင်း}}
{{မြန်မာတိုင်းနှင့်ပြည်နယ်များ}}

[[Category:မြန်မာနိုင်ငံတိုင်းဒေသကြီးများ]]

[[ace:Divisi Ayeyarwady]]
[[ca:Divisió d'Ayeyarwady]]
[[de:Irawadi-Division]]
[[en:Ayeyarwady Region]]
[[es:Ayeyarwady]]
[[et:Ayeyarwady piirkond]]
[[fi:Ayeyarwady (alue)]]
[[fr:Région d'Ayeyarwady]]
[[id:Region Ayeyarwady]]
[[it:Regione di Ayeyarwady]]
[[ja:エーヤワディ管区]]
[[ko:에야와디 구]]
[[lt:Ajejarvadžio regionas]]
[[mk:Иравади (округ)]]
[[nl:Ayeyarwady]]
[[pl:Irawadi (prowincja)]]
[[pt:Ayeyarwady (divisão)]]
[[ru:Иравади (округ)]]
[[sco:Ayeyarwady Region]]
[[th:เขตอิระวดี]]
[[vi:Vùng Ayeyarwady]]
[[zh:伊洛瓦底省]]
[[zh-classical:伊洛瓦底省]]
[[zh-yue:愛耶也華地省]]