Difference between revisions 204655 and 204660 on mywiki

{{Infobox တိုင်းပြည်နယ်
| အမည် = ဧရာဝတီတိုင်း
| အလံ = Flag of Ayeyarwaddy Division.svg
| မြို့တော် = ပုသိမ်မြို့
| ဧရိယာ = ၃၅,၁၃၈
| လူဦးရေ = ၆,၆၆၃,၀၀၀
| လူမျိုး = [[ဗမာလူမျိုး|ဗမာ]]၊ [[ရခိုင်လူမျိုး|ရခိုင်]]၊ [[ကုလားလူမျိုး|ကုလား]]၊ [[ကရင်လူမျိုး|ကရင်]]
| ဘာသာတရား = [[ဗုဒ္ဓဘာသာ|ဗုဒ္ဓ]]၊ [[ခရစ်ယာန်ဘာသာ|ခရစ်ယာန်]]၊ [[အစ္စလာမ်ဘာသာ|အစ္စလာမ်]]
| မြေပုံ = MyanmarAyeyarwady.png
}}
'''ဧရာဝတီတိုင်း'''သည် မြန်မာပြည်၏ ဆန်စပါးအဓိကထွက်ရှိရာ ဒေသဖြစ်သည်။ ဧရိယာစတုရန်းမိုင် ၁၃,၅၆၆ ကျယ်ဝန်းသည်။ လူဦရေ ၆.၅ သန်းခန့်ရှိပြီး လူနေသိပ်သည်းမှုမှာ တစ်စတုရမ်းမိုင်လျှင် ၄၆၆ ယောက် ဖြစ်သည်။ [[ဗမာလူမျိုး|ဗမာ]]နှင့်[[ကရင်လူမျိုး]]တို့ အဓိကအားဖြင့် နေထိုင်ကြပြီး အနောက်ဘက်က ကမ်းရိုးတန်းတလျောက် ရခိုင်လူဦးရေအနည်းငယ် နေထိုင်ကြသည်။ အများစုမှာ [[ဗုဒ္ဓဘာသာ]]ဖြစ်ကြပြီး [[ခရစ်ယာန်ဘာသာ]]ဝင်၊ [[အစ္စလာမ်ဘာသာ]]ဝင် အနည်းငယ် နေထိုင်ကြပါသည်။ ဗမာဘာသာစကားသည် အဓိကဘာသာ‌စကားဖြစ်ပါသည်။

== တည်နေရာ ==
ဧရာဝတီတိုင်းသည် [[ဧရာဝတီမြစ်]]၏ မြစ်ဝကျွန်းပေါ်ဒေသဖြစ်ပြီး မြန်မာပြည်၏ အနောက်တောင်ဘက်တွင် တည်ရှိသည်။ နယ်နမိတ်ချင်း ထိစပ်နေသော ပြည်နယ်နှင့်တိုင်းများ လက်စာရစ်အားဖြင့် အနောက်မြောက်တွင် [[ရခိုင်ပြည်နယ်]]၊ မြောက်ဘက်နှင့် အရှေ့ဘက်တွင် [[ပဲခူးတိုင်း]] နှင့် အရှေ့ဘက်တွင် [[ရန်ကုန်တိုင်း]] တို့ဖြစ်သည်။ တောင်ဘက်နှင့် အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော် ရှိသည်။ မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၄၀ မိနစ် မှ ၁၈ ဒီဂရီ ၃၀ မိနစ် ကြား၊ လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၁၅ မိနစ် မှာ ၉၆ ဒီဂရီ ၁၅ မိနစ် ကြား တွင်တည်ရှိသည်။

== ရာသီဥတု ==
ပင်လယ်နှင့်နီးသောဒေသဖြစ်၍၊ မိုးများပြီးစွတ်စိုသော ရာသီဥတုရှိသည်။

== မြို့တော် ==
ဧရာဝတီတိုင်း၏ မြို့တော်မှာ [[ပုသိမ်မြို့]]ဖြစ်သည်။

== ခရိုင်ရုံးစိုက်ရာမြို့များ ==
ဧရာဝတီတိုင်းအား ခရိုင်  ခုဖြင့် ဖွဲ့စည်းထားပြီး နာဂစ်မုန်တိုင်းအပြီး ၄ လအကြာတွင် လပွတ္တာမြို့အား ခရိုင်ရုံးစိုက်ရာမြို့အဖြစ်တိုးမြင့်ကာသတ်မှတ်လိုက်သည်။ ထို့ကြောင့်ခရိုင်ရုံးများမှာ အောက်ပါမြို့များတွင် ရုံးစိုက်သည်။
* [[ပုသိမ်မြို့]]
* [[ဟင်္သာတမြို့]]
* [[မအူပင်မြို့]]
* [[မြောင်းမြမြို့]]
* [[ဖျာပုံမြို့]]
* [[လပွတ္တာမြို့]]
* [[မြန်အောင်မြို့]]

== မြို့နယ်ရုံးစိုက်ရာမြို့များ ==
ခရိုင် ၅ ခုအား မြို့နယ် ၃၂ မြို့နယ်ဖြင့် ဖွဲ့စည်းထားခဲ့ပြီး ၂၀ဝ၈ ခုနှစ်၊ ဩဂုတ်လတွင် လပွတ္တာမြို့နယ်နှင့် မော်လမြိုင်ကျွန်းမြို့နယ် နှစ်မြို့နယ်ကိုပေါင်းကာ လပွတ္တာခရိုင်အဖြစ်တိုးမြှင့်ဖွဲ့စည်းခဲ့သည်။

* ပုသိမ်ခရိုင်
(contracted; show full)|West      = [[ဘင်္ဂလားပင်လယ်အော်]]
|Northwest = 
}}
<br />
{{ဧရာဝတီတိုင်း}}
{{မြန်မာတိုင်းနှင့်ပြည်နယ်များ}}

[[Category:မြန်မာနိုင်ငံတိုင်းဒေသကြီးများ]]