Difference between revisions 246213 and 248064 on mywiki{{merge|ဇုစ်နတ်မင်းကြီး}}⏎ {{Infobox ဂရိ နတ်ဘုရား | ပုံ = Jupiter Smyrna Louvre Ma13.jpg | ပုံခေါင်းစဉ်= The ''Jupiter de Smyrne'', discovered in [[Smyrna]] in 1680<ref>The sculpture was presented to [[Louis XIV of France|Louis XIV]] as [[Aesculapius]] but restored as Zeus, ca. 1686, by [[Pierre Granier]], who added the upraised right arm brandishing the [[thunderbolt]]. Marble, middle 2nd century CE. Formerly in the 'Allée Royale', (Tapis Vert) in the [[Gardens of Versailles]], now conserved in the [[Louvre Museum]] ([http://cartelfr.louvre.fr/cartelfr/visite?srv=car_not_frame&idNotice=27483 official on-line catalog])</ref> | အမည်= Zeus | God_of = နတ်ဘုရားတို့၏ ဘုရင်<br /> ကောင်းကင်၊ မိုးကြိုး နှင့် လျှပ်စီး၊ တရားဥပဒေ စိုးမိုးရေး ၏ နတ်ဘုရား | နေထိုင်ရာ= အိုလံပတ်စ်တောင် | သင်္ကေတ= [[မိုးကြိုး]], [[လင်းယုန်]], [[နွားသိုး]] နှင့် [[ဝက်သစ်ချ]] | ကြင်ဖော်= [[ဟီရာ]]နှင့် အခြားသူများ | မိဘများ = ခရိုးနပ်စ် နှင့် ရီယာ | မောင်နှမများ = [[Hestia]], [[Hades]], [[Hera]], [[Poseidon]] and [[Demeter]] | သားသမီးများ = [[Ares]], [[အေသီနာ]], [[အပိုလို]], [[Artemis]], [[Aphrodite]], [[Dionysus]], [[Hebe (mythology)|Hebe]], [[Hermes]], [[ဟီရာကယ်]], [[ဟယ်လင်]], [[Hephaestus]], [[Perseus]], [[Minos]], the [[Muse]]s, the [[ဂရေ့စ်]] | တောင် = | ရောမအခေါ် = ဂျူပီတာ }} ဂရိတို့၏ ဒဏ္ဍာရီတွင် ဇုစ်သည် နတ်ဘုရားတို့၏ ဖခမည်းတော် ဖြစ်ပြီး [[အိုလံပတ်စ်တောင်]]တွင် နေထိုင်သူများကို အုပ်စိုးသည့် နတ်ဘုရား ဖြစ်သည်။ ⏎ ''' ဇူးစ်'''(သို့) ဇီးယုနတ်မင်းကြီး({{lang-grc|Ζεύς}}၊{{lang-en|Zeus}}၊ {{IPAc-en|lang|pron|ˈ|z|ju:|s}}<ref>{{cite book |title=Longman pronunciation dictionary |first=John C. |last= Wells |publisher=Longman |location=Harlow, England |year=1990 |isbn=0582053838 }}</ref>)သည် ရှေးဂရိဒဏ္ဍာရီမှ နတ်ဘုရားများထဲတွင် အဓိကအကျဆုံးနတ်မင်းကြီးဖြစ်သည်။ အသံထွက်မှာ ဇူးစ် (/ˈz(j)uːs/, z(y)oos)ထွက်သော်လည်း ရှေးမြန်မာစာရေးဆရာများက မြန်မာမှုပြု၍ ဇီးယုဟု ခေါ်ဝေါ်ရေးသားမှုလည်းရှိ၏ ။ ရှေးဂရိဘာသာရေး အရဆိုလျှင် ထိုနတ်မင်းကြီးမှာ [[အိုလံပတ်စ်တောင်]]တော်ပေါ်မှ လူနတ်လောကကို အုပ်ချုပ်မင်းလုပ်ကာ စိုးစံတော်မူ၏ ။ ဂရိတို့က ဇူးစ် ဟုခေါ်ဝေါ်သော်လည်း ရောမဘာသာစကားဖြင့်မူ ဂျူပီတာ( Jupiter )နတ်မင်းဟု အမည်တွင်လေသည်။ ၎င်းမှာ အိုလံပတ်စ်တောင်မှ နတ်ဘုရားများ၏ အကြီးအမှုး ဖြစ်သလို ကောင်းကင်ကို အစိုးရသောနတ်ဘုရားလည်းဖြစ်ပေသည်။ ဇူးစ်ကို အနုပညာလက်ရာပစ္စည်းများတွင် ဩဇာရှိသော အသက်အရွယ်ရသော မုတ်ဆိတ်ကျင်ဆွယ်နှင့် အမျိုးသားတစ်ဦးအဖြစ် ပုံဖော်ကြသည်။ လက်နက်မှာ လျှပ်စီးမိုးကြိုးသွားဖြစ်သည်။ သူ့ကို သိမ်းငှက်၊ နွားသိုး နှင့် ဝက်သစ်ချပင်အိုစသည့် သင်္ကေတများနှင့်လည်း ရံခါဖော်ပြကြသည်။ =====မွေးဖွားခြင်း===== ဇူးစ်သည် ခရိုနပ်စ်(Cronus or Kronos) နှင့် ရီးယာ(Rhea) တို့၏ သားအငယ်ဆုံးဖြစ်သည်။ ခရိုနပ်စ်မှာ တနေ့တွင် သူမွေးဖွားသော ကလေးများထဲက တစ်ယောက်ယောက်သည် သူ့အားနန်းချလိမ့်မည်ဆိုသည့် တဘောင်နမိတ်စကားအား သူ့မိခင် ဂိုင်ယာ(Gaia or Gaea)ထံမှ ကြားခဲ့သည်။ သူကိုယ်တိုင်မှာလည်း ဖခင် ယူရေးနပ်စ်(Uranus)ကို နန်းသိမ်းတိုက်ပွဲဆင်ကာ ထီးနန်းလုယူခဲ့သောကြောင့် ဤနမိတ်စကားကို စိုးရိမ်ထိတ်လန့်ကာ မိန်းမဖြစ်သူ ရီးယာ မွေးဖွားသမျှအား တစ်ယောက်မကျန် ဝမ်းဗိုက်အတွင်းသို့မျိုချခဲ့သည်။ဇူးစ်အလှည့်တွင် ရီးယာက ဉာဏ်ဆင်၍ ကလေးအစား ကျောက်တုံးကိုအဝတ်ပတ်၍ ပေးခဲ့ရာ ခရိုနပ်စ်ငိုက်မိသွားပြီး ထိုပေးသည့်အရာကိုပဲ ချက်ချင်းမျိုချခဲ့သည်။ =====ခရိုနပ်စ်အားတော်လှန်ခြင်း===== ဇူးစ်အရွယ်ရောက်သောအခါ အိုလံပတ်စ်တောင်သို့ ပြန်လာပြီး ခရိုနပ်စ်၏ ဝမ်းဗိုက်ထဲနှင့် တာတားရပ်စ်(Tartarus)( အလွန်တရာနက်သော အမှောင်ထုမြေအောက်ကမ္ဘာ) ရှိ ညီအကိုမောင်နှမများအားကယ်ဆယ်ကာ ထိုသူများ၏အကူအညီဖြင့် တိုက်တန်များအား စစ်ကြေငြာ၍ (Titanomachy) တိုက်ခိုက်ချေမှုန်းခဲ့ရာ အနိုင်ရရှိသောကြောင့် ခရိုနပ်စ်နှင့် တိုက်တန်အများစုကို တာတားရပ်စ်၌ ပြန်လည် ချုပ်နှောင်ထားနိုင်ခဲ့သည်။ =====အာဏာခွဲဝေခြင်း===== ထို့နောက် မိမိကိုယ်ကို အိုလံပတ်စ်တောင်၏ အရှင်သခင်၊ ကောင်းကင်ကိုအစိုးရသော နတ်ဘုရားဟုကြေငြာကာ နတ်ဘုရားအပေါင်း၏ အကြီးအကဲ ဖြစ်လာခဲ့သည်။ အကိုဖြစ်သူများအားလည်း နယ်ပယ်အုပ်ချုပ်ခွင့်များပေးအပ်ခဲ့သည်။ ပိုဆိုက်ဒန်(Poseidon) ကိုပင်လယ်ရေပြင်ကို အုပ်စိုးခွင့်၊ ဟေဒီးစ်(Hades)အား မြေအောက်ကမ္ဘာအုပ်စိုးခွင့်များ ပေးခဲ့သည်။ =====အိမ်ထောင်ရေး===== နတ်တို့သနင်း မင်းဖြစ်ပြီးနောက် အမတော်စပ်သူ ဟီရာ(Hera)အားမိဖုရားကြီးမြှောက်ခဲ့သည်။ ဟီရာကို အိမ်ထောင်ရေးနတ်ဘုရားမ ဟုသိရှိရပါသည်။ ဇူးစ်မှာ အိမ်ထောင်ရေးအရှုပ်တော်ပုံ များကာ ဟီရာမှာလည်း ဇူးစ်ရဲ့ မိန်းမကိစ္စများတွင် အမြဲတစေပါဝင်ကာ မိမိပြိုင်ဘက်များကို နှိမ်နင်းခြင်းတွင်လည်း နာမည်ကြီးသူဖြစ်သည်။ ဇူးစ်နတ်မင်းသည်ကား နတ်သမီးများသာမက လူသားအမျိုးသမီးများနှင့်လည်း ရှုပ်ရှုပ်ထွေးထွေး ဖြစ်ခဲ့သည်။ တစ်ချို့မူကွဲများတွင် ငယ်ရွယ်သော ယောက်ျားလေးများနဲ့ပါ ပတ်သတ်မှုများရှိခဲ့သည်။ လူနှင့်ရသော သားသမီးများ၊ နတ်နှင့်ရသော သားသမီးများရောမြောက်များစွာရှိ၏ ။ ==ကိုးကား== <ref>https://en.wikipedia.org/wiki/Zeus http://www.ancientgreece.com/s/GreekGods/Zeus/ http://www.greekmythology.com/Olympians/Zeus/zeus.html </ref> == ကိုးကား == {{reflist}} All content in the above text box is licensed under the Creative Commons Attribution-ShareAlike license Version 4 and was originally sourced from https://my.wikipedia.org/w/index.php?diff=prev&oldid=248064.
![]() ![]() This site is not affiliated with or endorsed in any way by the Wikimedia Foundation or any of its affiliates. In fact, we fucking despise them.
|