Difference between revisions 289856 and 342314 on mywiki

{{merge|မိုးဇက်}}
[[File:'Moses' by Michelangelo JBU160.jpg|thumb|left|တမန်တော် မိုးစက်]]
တမန်တော် '''မိုးစက်'''(Mosess)၊ဂျူးလူမျိုးတို့၏ ကယ်တင်ရှင်တမန်တော် သည် ဘီစီ၁၃ရာစု ကပေါ်ထွန်းခဲ့သူဖြစ်သည်။ ဟီဘရူး(ဂျူးလူမျိုး)တို့အတွက်သာမက [[ဓမ္မသစ်ကျမ်း]]တွင်လည်း မိုးစက်သည်တမန်တော်အဖြစ်ဆက်လက်ပါဝင်ပြီး နောင်တွင် [[မိုဟာမက်]]က ဆက်လက်ပြီး အသိအမှတ်ပြုခဲ့သည်။သဘောမှာ နှစ်ပေါင်း နှစ်ထောင့်သုံးရာကျော်ကာလတိုင် အယူဘာသာ အမျိုးမျိုးမှ ပူဇော်သမှုကို ခံရသူလည်းဖြစ်သည်။[[တိုရာ]]ခေါ် ဂျူးတို့၏ (contracted; show full) တွေ့ရသည်ဟုဆိုကာ ယုံကြည်ခြင်းလျော့ရဲကြပါသည်။ထို့ပြင် ချုံပုပ်မှ မီးလောင်ခြင်း၊တောင်ဝှေးမှမြွေဖြစ်ခြင်းအစရှိသည့် သဘာ၀လွန်ဖြစ်ရပ်များကိုလည်း စောဒကတက်လိုကြသည်။ထိုမှသာမက အသက် ရှစ်နှစ်အရွယ်မိုးစက်အနေဖြင့် ဂျူးလူမျိုးများကို နှစ်ပေါင်းလေးဆယ်ကြာ လွတ်မြှောက်ရေးခရီးကို မည်သို့စတင်ဦးဆောင်သည်ကိုလည်း အတော်ပင်သံသယရှိကြသေးသည်။သို့ဖြင့် ဘာသာရေးနှင့် သမိုင်းဖြစ်ရပ်မှန် တို့ကြားအငြင်းပွားမှုများတွင် မိုးစက်ဘဝဇာတ်ကြောင်းမှာလည်း တစ်ခုအပါအဝင်ဖြစ်နေစဲဖြစ်ရသည်။

သို့သော် မိုးစက်အားအမှန်ချီးမွမ်းရန် အချက်များရှိသည်ကို မမေ့အပ်ပေ။
င်းတို့မှာ
# အမျိုးသားရေးခေါင်းဆောင်အနေဖြင့် ဟီးဘရူး(ဂျူး)လူမျိုးတို့ကို လွတ်မြှောက်ရန် ဦးဆောင်ခဲ့သည်။
# ကမ္ဘာဦးကျမ်း၊ထွက်မြောက်ရာကျမ်း၊ဝတ်ပြုရာကျမ်း၊တောလည်ရာကျမ်း၊တရားဟောရာကျမ်း ဆိုသည့်ရှေးဦးကျမ်းငါးကျမ်းကို ရေးသားသူအဖြစ် သတ်မှတ်သည်။ထိုအထဲတွင် ဂျူးတို့လိုက်နာရန် မိုးစက်ကိုဒဥပဒေ(Code of Mosess) နှင့် ပညတ်တော်ဆယ်ချက် တို့ပါဝင်သည်။
# ထို့ပြင်နောက်ဆုံးအချက်အနေဖြင့် တစ်ဆူတည်းသောဘုရားဝါဒ (သို့) ထာ၀ရဘုရားဝါဒကို ဂျူးလူမျိုးများအပေါ်တွင် တည်အောင်စွမ်းဆောင်လမ်းပြခဲ့သည်။အချို့က ထိုဝါဒကို စတင်ဖေါ်ထုတ်သူအဖြစ် သတ်မှတ်ကြသော်လည်း [[သမ္မာကျမ်း]]စာတွင် အတိအလင်းဖေါ်ပြထားသည်မှာ အာဗြဟံသာလျှင် ထိုအယူဝါဒကို ဖေါ်ထုတ်တင်ပြသူဖြစ်သည်။

== ရည်ညွှန်းကိုးကား ==
* ကျော်စွာ(၁၀၀)-[[ဒေါက်တာသန်းထွန်း]]


[[Category:ဟီးဘရူးဘာသာ]]
[[Category:နိုင်ငံတကာ ဘာသာရေး ခေါင်းဆောင်များ‎]]