Difference between revisions 422480 and 422483 on mywiki

{{merge|ဟင်နရီ ဝါ့စ်ဝါ့သ် လောင်းဖဲလို}}

[[File:HenryWLongFellow1868.jpg|thumb|လောင်းဖဲလိုးအား ၁၈၆၈ ခုနှစ်က တွေ့ရစဉ်]]

ဟင်နရီ ဝေါ့ဇဝပ် လောင်းဖဲလိုးသည် အမေရိကန်လူမျိုး ထင်ရှားသော စာဆိုတစ်ဦးဖြစ်သည်။ လူကြီးများအတွက်သာမက ကလေးများအကြိုက် ကဗျာရှည်၊ ကဗျာတိုများ ရေးစပ်ခဲ့သဖြင့် ကလေးတို့၏ အချစ်တော် စာဆိုကြီးဟုလည်း ဆိုအပ်ပေသည်။ သူရေးသားခဲ့သည့် မြောက်မြားလှစွာသော ကဗျာများအနက် 'ဟိုင်ယာဝါ၊ ညသာ'၊ 'တောရွာမှ ပန်းပဲဆရာ' တို့မှာ အင်္ဂလိပ်စာသင်ဖူးသူတိုင်းလိုပင် ကလေးသူငယ်အရွယ်ကတည်းက သင်ကြားမှတ်ယူရွတ်ဆိုရသောကဗျာများဖြစ်ပေသည်။ လောင်းဖဲလိုးသည် စာဆို(contracted; show full)်စားခါစသူများအတွက် အထူးသင့်လျော်လေသည်။ အရေးအသားမှာ မကွယ်မထောင့် ရှင်းလင်းပြတ်သား၍ ဂီတသံနှောကာ သဘောမိလွယ်အောင် စီစဉ်ထား၏။ လောင်းဖဲလိုး၏ ကဗျာများမှာ ရှင်းလင်းပြေပြစ်လွန်းသဖြင့် တစ်ခါတစ်ရံဝေဖန်သူများက သူ့ကဗျာမှာ ကဗျာအဆင့်အတန်းတွင် အထက်တန်းမကျဟု ဆိုကြလေသည်။ သို့ရာတွင် လောင်းဖဲလိုး၏ အရေးအသားများမှ မမြှော်လင့်ခဲ့သော ကဗျာအလှသဘာဝ ကလေးများကို တစ်ချက်တစ်ချက် တွေ့ရလေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)</ref>

== ကိုးကား ==
<references/>


[[Category:နိုင်ငံတကာ ကဗျာဆရာများ]]
{{Lifetime|၁၈၀၇|၁၈၈၂|}}