Revision 148425 of "မိုးစက်" on mywiki[[File:Mosess.jpg|thumb|left|တမန်တော် မိုးစက်]] တမန်တော် '''မိုးစက်'''(Mosess)၊ဂျူးလူမျိုးတို့၏ ကယ်တင်ရှင်တမန်တော် သည် ဘီစီ၁၃ရာစု ကပေါ်ထွန်းခဲ့သူဖြစ်သည်။ ဟီဘရူး(ဂျူးလူမျိုး)တို့အတွက်သာမက [[ဓမ္မသစ်ကျမ်း]]တွင်လည်း မိုးစက်သည်တမန်တော်အဖြစ်ဆက်လက်ပါဝင်ပြီး နောင်တွင် [[မိုဟာမက်]]က ဆက်လက်ပြီး အသိအမှတ်ပြုခဲ့သည်။သဘောမှာ နှစ်ပေါင်း နှစ်ထောင့်သုံးရာကျော်ကာလတိုင် အယူဘာသာ အမျိုးမျိုးမှ ပူဇော်သမှုကို ခံရသူလည်းဖြစ်သည်။[[တိုရာ]]ခေါ် ဂျူးတို့၏ အထွတ်အမြတ်ကျမ်းတွင် ၅ ခန်းပါဝင်ရေးသားသူအဖြစ် အများက ယုံကြည်လက်ခံကြသည်။ မိုးစက်၏ ဘဝအကြောင်းကို တိကျစွာမသိရပေ။အချို့က '''မိုးစက်'''ဆိုသည့်အမည်မှာ ဟီးဘရူး(ဂျူး) နာမည်မဟုတ်၊ အီဂျစ်နာမည်သာဖြစ်သည်ဟု ဆိုကြသည်။အဓိပ္ပါယ်မှာ'''ကလေး၊လူကလေး''' ဖြစ်သည်။ထိုအသုံးအနှုံးကို အီဂျစ် ဖာရိုဘုရင်များ၏ ဘွဲ့များတွင်လည်း ထည့်သွင်းသုံးစွဲတတ်သည် ဟုဆိုကြသည်။အချို့ သမိုင်းပညာရှင်များကလည်း မိုးစက်ဘဝဇာတ်ကြောင်းမှာ အလွန်ပင် စိတ်ကူးယဉ်ဆန်သည့် ပုံပြင်များသဖွယ်ဖြစ်နေသည်၊အချို့ဇာတ်ကြောင်းအဖြစ်အပျက်များမှာ အခြားနေရာဒေသများတွင် အခြားသောပုံစံကွဲများဖြင့် တွေ့ရသည်ဟုဆိုကာ ယုံကြည်ခြင်းလျော့ရဲကြပါသည်။ထို့ပြင် ချုံပုပ်မှ မီးလောင်ခြင်း၊တောင်ဝှေးမှမြွေဖြစ်ခြင်းအစရှိသည့် သဘာ၀လွန်ဖြစ်ရပ်များကိုလည်း စောဒကတက်လိုကြသည်။ထိုမှသာမက အသက် ရှစ်နှစ်အရွယ်မိုးစက်အနေဖြင့် ဂျူးလူမျိုးများကို နှစ်ပေါင်းလေးဆယ်ကြာ လွတ်မြှောက်ရေးခရီးကို မည်သို့စတင်ဦးဆောင်သည်ကိုလည်း အတော်ပင်သံသယရှိကြသေးသည်။သို့ဖြင့် ဘာသာရေးနှင့် သမိုင်းဖြစ်ရပ်မှန် တို့ကြားအငြင်းပွားမှုများတွင် မိုးစက်ဘဝဇာတ်ကြောင်းမှာလည်း တစ်ခုအပါအဝင်ဖြစ်နေစဲဖြစ်ရသည်။ သို့သော် မိုးစက်အားအမှန်ချီးမွမ်းရန် အချက်များရှိသည်ကို မမေ့အပ်ပေ။၄င်းတို့မှာ # အမျိုးသားရေးခေါင်းဆောင်အနေဖြင့် ဟီးဘရူး(ဂျူး)လူမျိုးတို့ကို လွတ်မြှောက်ရန် ဦးဆောင်ခဲ့သည်။ # ကမ္ဘာဦးကျမ်း၊ထွက်မြောက်ရာကျမ်း၊ဝတ်ပြုရာကျမ်း၊တောလည်ရာကျမ်း၊တရားဟောရာကျမ်း ဆိုသည့်ရှေးဦးကျမ်းငါးကျမ်းကို ရေးသားသူအဖြစ် သတ်မှတ်သည်။ထိုအထဲတွင် ဂျူးတို့လိုက်နာရန် မိုးစက်ကိုဒဥပဒေ(Code of Mosess) နှင့် ပညတ်တော်ဆယ်ချက် တို့ပါဝင်သည်။ # ထို့ပြင်နောက်ဆုံးအချက်အနေဖြင့် တစ်ဆူတည်းသောဘုရားဝါဒ (သို့) ထာ၀ရဘုရားဝါဒကို ဂျူးလူမျိုးများအပေါ်တွင် တည်အောင်စွမ်းဆောင်လမ်းပြခဲ့သည်။အချို့က ထိုဝါဒကို စတင်ဖေါ်ထုတ်သူအဖြစ် သတ်မှတ်ကြသော်လည်း [[သမ္မာကျမ်း]]စာတွင် အတိအလင်းဖေါ်ပြထားသည်မှာ အာဗြဟံသာလျှင် ထိုအယူဝါဒကို ဖေါ်ထုတ်တင်ပြသူဖြစ်သည်။ == ရည်ညွှန်းကိုးကား == * ကျော်စွာ(၁၀၀)-[[ဒေါက်တာသန်းထွန်း]] [[Category:ဟီးဘရူးဘာသာ]] [[Category:နိုင်ငံတကာ ဘာသာရေး ခေါင်းဆောင်များ]] All content in the above text box is licensed under the Creative Commons Attribution-ShareAlike license Version 4 and was originally sourced from https://my.wikipedia.org/w/index.php?oldid=148425.
![]() ![]() This site is not affiliated with or endorsed in any way by the Wikimedia Foundation or any of its affiliates. In fact, we fucking despise them.
|