Revision 197294 of "ကရဝိက်" on mywiki'''ကရဝိက်''' ကရဝိက်ဆိုတာ ဆက်ရက်ငှက်ပါကွာလို့ ပြောသည့် လူများရှိသည်။ ထိုကဲ့သို့ပြောသူများကို မှားတယ်ဟု ငြင်းဖို့ခက်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ကရဝိက်ကအစ ကိန္နရာ၊ ကိန္နရီ၊ ဂဠုန်၊ ဟင်္သာ ဆိုတာတွေကို မည်သူမျှမမြင်ဖူးပေ။ ထိုကဲ့သို့ သဘာဝတွင် မရှိသော ခြင်္သေ့၊ စာမရီ၊ နဂါး၊ နရား တို့မှာ ပန်းချီဆရာ လက်စွမ်းရှိသလောက်ခြယ်လှယ်ထားတာတွေသာ ဖြစ်ပါသည်။ ကိန္နရာရေးသည့်အခါတွင် ငှက်၏ကိုယ်လုံးပေါ်၌ လူခန္တာကိုယ်တစ်ခုထပ်ဆင့်တင်ပေးထားသော်လည်း ခန္ဓာကိုယ်တစ်ခု ပိုမနေဘူးလားလို့ မည်သူကမျှ မေးခွန်းမထုတ်ဘဲ လက်ခံလိုက်ကြသည်သာဖြစ်သည်။ ပန်းချီဆရာက ဉာဏ်ရှိသလိုခြယ်လှယ်သည် ဆိုရာတွင် ပဒေသရာဇ်ခေတ်ကစလို့ ပြောသင့်ပါသည်။ [[File:Karaweik-Palace.JPG|thumb|ရန်ကုန်မြို့တွင် ကန်တော်ကြီး၏ ကရဝိက်သင်္ဘော]] ==ကရဝိတ်ငှက်== ကရဝိတ်ငှက်သည် ဟိမဝန္တာဥဩ တစ်မျိုး ဖြစ်သည်ဟုဆိုသည်။ အလွန်သာယာသော အသံများကို ကရဝိတ်သံ၊ ကြိုးကြာသံများနှင့် နှိုင်းယှဉ်လေ့ရှိခြင်းကို ထောက်သော် ကရဝိတ်ငှက်သည် အလွန်အသံသာယာသော ငှက်မျိုးဖြစ်ဟန်တူပေသည်။ ကရဝိတ်ဖေါင်ဟုခေါ်သော ရေယာဉ်တွင် ကရဝိတ်ငှက်၏ သဏ္ဍာန် တည်ဆောက်လေ့ ရှိကြသော်လည်း၊ နှုတ်သီးရင်အုပ် အတောင်နှစ်ဖက်နှင့် ငှက်တစ်ကောင်အဖြစ်ကိုသာ သာမန် အားဖြင့် သိကြရ၍ အမှတ်အသား အတိအကျ မရှိချေ။ ဤ ငှက်၏ဥ၊ အသိုက်နှင့် အလေ့အထများကိုလည်း မည်သူမျှ တပ်အပ်သေချာစွာ မသိကြပေ။ <ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)</ref> == ကိုးကား == <references/> *သမိုင်းထဲကဒီဇိုင်း၊သန်းထွန်း။ [[Category:ငှက်]] All content in the above text box is licensed under the Creative Commons Attribution-ShareAlike license Version 4 and was originally sourced from https://my.wikipedia.org/w/index.php?oldid=197294.
![]() ![]() This site is not affiliated with or endorsed in any way by the Wikimedia Foundation or any of its affiliates. In fact, we fucking despise them.
|