Difference between revisions 421988 and 421990 on mywiktionaryဆရာမကြီး ကထိက ဒေါ်မြင့်သန်း ကို သူဌေး ဦးကြင်သိန်း၊ ဒေါ်မမကြီးတို့က ၁၉၂၅ ခုနှစ်တွင် ရန်ကုန်မြို့၌ ဖွားမြင်သည်။ အမည်ရင်း ဒေါ်မြင့်သန်း ဖြစ်သည်။ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး စာပေ နှင့် မြန်မာ စာပေ တိုးတက် ဖွံ့ဖြိုး ရေးတို့တွင် ထူးခြားပြောင်မြောက်စွာ ဆောင်ရွက် ခဲ့သော မြန်မာစာပေ ပညာရှင် ဆရာမကြီးဖြစ်သည်။ ၂၀ ရာစု မြန်မာစာပေ သမိုင်းတွင် လွန်စွာ ထင်ရှားသည်။ ၁၉၄၁ ခုနှစ်တွင် မြို့မ အမျိုးသမီး အထက်တန်းကျောင်း (မြို့မ တိုင်းရင်းသူ အထက်တန်းကျောင်းမှ) ဆယ်တန်းအောင်ပြီး ရန်ကုန် တက္ကသိုလ်သို့ တတ်ရောက်နေစဉ် ဒုတိယ ကမ္ဘာ စစ်ကြီး ဖြစ်လာသဖြင့် ပညာသင်ပျက်ခဲ့ရသည်။ စစ်ကြီးအပြီး ၁၉၄၅ ခုနှစ်တွင် အရေးပေါ် တက္ကသိုလ်သို့ (E.U.C.) နှင့် ရန်ကုန် တက္ကသိုလ်သို့ ပြန်လည် ဝင်ရောက်ခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် မြန်မာဝိဇ္ဇာ ဂုဏ်ထူးတန်း (ပထမတန်း) (First Class) ဖြင့် အောင်သည်။ ထိုနှစ်၌ပင် ရန်ကုန် တက္ကသိုလ်တွင် အချိန်ပြည့် နည်းပြအဖြစ် အမှုထမ်းသည်။ နောက်တနှစ် ၁၉၅၀ ပြည့်နှစ်တွင် လက်ထောက် ကထိက ဖြစ်သည်။ မဟာဝိဇ္ဇာ ဂုဏ်ထူးတန်းကို ဂုဏ်ထူးအမှတ် (Distination) ဖြင့် အောင်မြင်ခဲ့သည်။ ရန်ကုန် တက္ကသိုလ်မှ မော်လမြိုင် ကောလိပ်သို့ လက်ထောက် ကထိက အဖြစ်ဖြင့်ပင် တာဝန် ပြောင်းရွှေ့ ထမ်းဆောင်ရပြီး၊ ရန်ကုန် ဆေးသိပ္ပံ (၂)၊ မင်္ဂလာဒုံသို့ လည်းကောင်း၊ ပညာရေး တက္ကသိုလ် (ရန်ကုန်)၊ ပုသိမ် ကောလိပ်သို့ လည်းကောင်း၊ ကထိက ဌာနမှူး အဖြစ် တာဝန် ပြောင်းရွှေ့ ထမ်းဆောင်ရသည်။ ၁၉၇၇ မှ ၁၉၈၅ ခုတွင် ရန်ကုန် တက္ကသိုလ်သို့ ကထိက အဖြစ် ပြန်လည် ရောက်ရှိပြီး ၁၉၈၅ တွင် သက်ပြည့် အငြိမ်းစား ယူခဲ့သည်။ စာပေရေးရာနှင့် ပတ်သက်၍ ကထိက ဒေါ်မြင့်သန်း၏ ဆောင်ရွက်ချက်များမှာ ၁၉၄၄၊ ဒုတိယ ကမ္ဘာစစ်အတွင်း 'စာရေးဆရာအသင်း' ဝင်ခဲ့သည်။ ဆရာဇဝန၊ ဆရာသင်္ခါတို့ ဦးဆောင်သော စာရေးဆရာ စာစောင်တွင် စာညွန့်၊ ဆောင်းပါးများ ရေးသားခဲ့သည်။ စစ်ပြီးစ ၁၉၄၅ တွင် ရွှေမန်းစာဆို၊ ယုဝတီဂျာနယ်၊ သံတော်ဆင့် သတင်းစာ၌ ထောင်ကဲအော်သံ အခန်းဖွင့်၍ လွတ်လပ်ရေး မရမီနှင့် ရလုဆဲဆဲ အချိန်အထိ နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ ဆောင်းပါးများ ရေးသားခဲ့သည်။ အချို့သော တက္ကသိုလ် မဂ္ဂဇင်းများတွင် မြန်မာစာ စာတည်းမှူးနှင့် သုတေသန စာတမ်းရှင်၊ ဆောင်းပါး၊ ကဗျာရှင် အဖြစ် လည်းကောင်း၊ ယခုအခါ ငွေတာရီ၊ မြဝတီနှင့် အခြားဂျာနယ်၊ သတင်းစာများတွင် ဘာသာရေး၊ ပညာရေး နှင့် ကျောင်းသား လူငယ်ရေးရာ ဆောင်းပါးများ ရေးသားလျက် ရှိသည်။ ၁၉၉၅ ခုနှစ် မြို့မကျောင်း၏ ၇၅နှစ်ပြည့် စိန်ရတု ကို အထက ၂ ဒဂုံ၊ အထက ၃ ဒဂုံ တွင် ကျင်းပခဲ့ရာတွင် မြို့မကျောင်း စိန်ရတု နာယက အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၉၅ ခုနှစ် ရန်ကုန်တက္ကသိုလ် ၏ ၇၅နှစ်ပြည့် စိန်ရတုပွဲ ကျင်းပခဲ့ရာတွင် ဦးဆောင် ပါဝင်ခဲ့သည်။ ကထိက ဒေါ်မြင့်သန်း ရေးသားခဲ့သည့် စာအုပ်များ အနက် စာပေဗိမာန်မှ ထုတ်ဝေခဲ့သော 'အလှသုံးဖြာ စာပေဒသာ' (ပတွဲ၊ ဒုတွဲ) စာအုပ်သည် ၁၉၉၇ ခုနှစ်အတွက် အမျိုးသား စာပေဆု (လူငယ်စာပေ) ကို ရရှိခဲ့သည်။ ယခုအခါ မြန်မာစာအဖွဲ့ ဦးစီးဌာနတွင် မြန်မာစာ အဖွဲ့ဝင်အဖြစ် ထမ်းဆောင်လျက် ရှိသည်။<ref>အားမာန်သစ် စာပေမှ ၂၀၀၉ ခုနှစ်၊ ဧပြီလတွင် ပထမအကြိမ် ပုံနှိပ် ထုတ်ဝေတဲ့ သန်းဝင်လှိုင် ရေးသားပြုစုတဲ့ 'အကျော်ဇေယျ စာဆိုတော်များ' စာအုပ်မှ</ref> ==ဆက်စပ်လေ့လာရန်== * [[မြို့မ အထက်တန်းကျောင်း]] == ကိုးကား == {{reflist}} http://en.wikipedia.org/wiki/Myanmar_Language_Commission [[Category:အတ္ထုပ္ပတ္တိ]] [[Category:မြန်မာ စာရေးဆရာများ]] [[Category:မြန်မာအတ္ထုပ္ပတ္တိ]] [[Category:မြန်မာ အမျိုးသမီး စာရေးဆရာများ]] [[Category:မြန်မာ့သမိုင်း]] [[Category:ဂျာနယ်လစ်]] [[Category:မြန်မာ့ စာရေးဆရာများ]] [[Category:မြန်မာ]]⏎ ⏎ == ကိုးကား == All content in the above text box is licensed under the Creative Commons Attribution-ShareAlike license Version 4 and was originally sourced from https://my.wiktionary.org/w/index.php?diff=prev&oldid=421990.
![]() ![]() This site is not affiliated with or endorsed in any way by the Wikimedia Foundation or any of its affiliates. In fact, we fucking despise them.
|