Revision 7844 of "ဝဵင်းတႃႈလိူဝ်ႇ" on shnwiki{{location map
|Myanmar
|lat_deg=21
|lat_min=58
|lat_sec=48
|lon_deg=96
|lon_min=04
|lon_sec=48
|caption=ဝဵင်းတႃႈလိူဝ်ႇ}}
'''မန္တလေးမြို့'''သည် [[မြန်မာနိုင်ငံ]]၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး [[မန္တလေးတိုင်းဒေသကြီး]]၏[[မြို့တော်]]ဖြစ်သည်။ ၂၀၁၄ ခုနှစ် စာရင်းအရ လူဦးရေ ၁၂၂၅၅၅၃ ယောက် ရှိသည်။ စီးပွားရေးမြို့တော် [[ရန်ကုန်]] မှ ၄၄၅ မိုင် ကွာဝေး၍ [[ဧရာဝတီမြစ်]] ၏ အရှေ့ဘက် တွင် တည်ရှိသည်။ မန္တလေးမြို့တော် စည်ပင်သာယာနယ်နိမိတ်ကို မြို့နယ်ခုနှစ်ခုဖြင့်ဖွဲ့စည်းထားသည်။ [[ကုန်းဘောင်မင်းဆက်]] မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းနေပြည်တော် ဖြစ်ခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံအထက်ပိုင်း မန္တလေးတိုင်း၊ မန္တလေးခရိုင်တို့၏ ရုံးစိုက်မြို့ဖြစ်သည်။ [[ရန်ကုန်မြို့]]ပြီး နောက်ဒုတိယလိုက်သောမြို့ဖြစ်၏။ မြန်မာနိုင်ငံ၏ အလယ်ဗဟိုတွင် တည်ရှိသကဲ့သို့ပင် မြန်မာ့ယဉ်ကျေးမှုတို့ စုဝေးရာ အချက်အခြာဒေသလည်း ဖြစ်ပေသည်။ မန္တလေးမြို့သည် ခေတ် ၃ ခေတ်ပြောင်းခဲ့ပေပြီ။ သို့သော် ထင်ရှားလျက်ပင် ရှိပေသေးသည်။ နှစ် ၁ဝဝ အတောအတွင်းဝယ် မန္တလေးမြို့တွင် [[ဒုတိယကမ္ဘာစစ်]]ဒဏ်၊ မီးဘေးအန္တရာယ်များကို ခံရသောကြောင့် အပျက်အစီးရှိခဲ့သော်လည်း အသစ် ပြန်လည်ပျိုးထောင်နိုင်ခဲ့ပေသည်။
မြောက်လတ္တီကျု ၂၁ ဒီဂရီ ၉၈ မိနစ် နှင့် အရှေ့လောင်ဂျီကျု ၉၆ ဒီဂရီ ဝ၈ မိနစ် ကြားတွင် တည်ရှိသည်။ ရန်ကုန်မြို့နှင့် ၄၄၅ မိုင် (၇၁၆ ကီလိုမီတာ) ကွာဝေးသည်။ မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းနေပြည်တော် ဖြစ်ခဲ့သည့်အလျောက် ယဉ်ကျေးမှု အမွေအနှစ်များ အများအပြား ကျန်ရစ်သည်။
== သမိုင်းကြောင်း ==
မန္တလေးမြို့ကို ၁၈၅၇ ခုနှစ်တွင် [[မင်းတုန်းမင်း]] မှ ရဟန်းရှင်လူအများ ကန့်ကွက်သည့်ကြားမှ တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ မန္တလေးသည် ၁၈၈၅ ခုနှစ် [[သီပေါမင်း]]လက်ထက် [[တတိယအင်္ဂလိပ်မြန်မာစစ်]]ပွဲ မတိုင်မီ (၁၈၆၀-၁၈၈၅)တွင် နောက်ဆုံး ကျန်ရစ်သည့် လွတ်လပ်သော မြန်မာ့မင်းနေပြည်တော်လည်းဖြစ်သည်။
မန္တလေးမြို့သည် ဧရာဝတီမြစ်၏ လက်ဝဲဖက်ဖြစ်သော အရှေ့ဖက် ကမ်းပေါ်တွင် တည်ရှိ၍ ဧရာဝတီမြစ်နှင့် [[ရှမ်းကုန်းပြင်မြင့်]]၏ အကြား အနံ ၈ မိုင် ရှိသော မြေပြန့်၏ တစ်စိတ်တစ်ပိုင်းတွင် တည်ရှိသည်။ မန္တလေးမြို့သည် အကျယ်အဝန်းအားဖြင့် ၂၅ စတုရန်းမိုင် ရှိ၍ လူဦးရေမှာ ၁၉၆၃ ခုနှစ်တွင် ခန့်မှန်းခြေ ၂၁၅၄၂၆ ယောက်ခန့်ရှိသည်။ ရပ်ကွက် ၃၈ ၊ အိမ်ခြေပေါင်း ၃၅ဝဝဝ ခန့် ရှိ၏။ ရန်ကုန်မြို့ကဲ့သို့ပင် လူမျိုးပေါင်းစုံသော မြို့ဖြစ်၏။ ရာသီဥတုမှာ ပူအိုက်ခြောက်သွေ့၍ ဖုံထူသည်။
ယခင်က "ရတနာပုံ" ဟုအမည်တွင်ခဲ့ပြီး နောင်အခါ "[[မန္တလေးတောင်]]" ကိုအစွဲပြု၍ "မန္တလေး"ဟု အမည်တွင်လေသည်။
=== ကိုလိုနီခေတ် မန္တလေး (၁၈၈၅ မှ ၁၉၄၈)===
၁၈၈၅ ခုနှစ် တတိယ အင်္ဂလိပ် - မြန်မာ စစ်ပွဲအပြီး မြန်မာနိုင်ငံ လွတ်လပ်ရေး ဆုံးရှုံး၍ အင်္ဂလိပ် တို့၏ လက်အောက်ကို ကျရောက်ခဲ့ကြသည်။ မြို့တော်ကို ရန်ကုန်သို့ ရွေ့ခဲ့ပေမယ့် စီးပွားရေးအချက်အခြာကျသော မန္တလေးမြို့ကို တိုးတက်အောင် လုပ်ဆောင်ခဲ့သည်။ မီးရထား ပို့ဆောင်ဆက်သွယ်ရေးစနစ်ကို ၁၈၈၉ ခုနှစ်တွင် တည်ဆောက်ပေးခဲ့သည်။ ၁၉၂၅ ခုနှစ်တွင် [[မန္တလေးတက္ကသိုလ်|မန္တလေးကောလိပ်]] ကို တည်ဆောက်ဖွင့်လှစ်ပေးခဲ့သည်။
ကိုလိုနီခေတ်တွင် မန္တလေးမြို့သည် ဗုဒ္ဓယဉ်ကျေးမှုနဲ့ အနုပညာတို့ သင်ကြားရာဗဟိုချက်အဖြစ် တည်ရှိခဲ့သည်။
မန္တလေးမြို့သည် ဒုတိယကမ္ဘာစစ်အတွင်း စစ်ဒဏ်ကို အပြင်းအထန် ခံစားခဲ့ရသည်။ ဧပြီလ ၃ ရက်၊ ၁၉၄၂ ခုနှစ်တွင် [[ဂျပန်နိုင်ငံ | ဂျပန်]]တို့ လေကြောင်းမှ ဝင်ရောက်တိုက်ခိုက်သဖြင့် မြို့၏ ၅ ပုံ ၃ ပုံ ခန့် ပျက်စီးခဲ့ရပြီး လူပေါင်း ၂၀၀၀ ကျော် သေဆုံးခဲ့သည်။
=== လက်ရှိ မန္တလေး (၁၉၄၈ မှ ယခု) ===
၁၉၄၈ ခုနှစ် အင်္ဂလိပ် တို့ထံမှ လွတ်လပ်ရေး ရရှိခဲ့ပြီးနောက် မန္တလေးမြို့သည့် ယဉ်ကျေးမှု၊ ပညာရေး နှင့် စီးပွားရေးတို့၏ အဓိက ဗဟိုချက်အဖြစ် ဆက်လက်တည်ရှိခဲ့သည်။
၁၉၉၁ ခုနှစ် မတိုင်ခင်ကာလအထိ [[မန္တလေးတက္ကသိုလ်]]၊ [[မန္တလေးဆေးတက္ကသိုလ်]] နှင့် စစ်တက္ကသိုလ် တို့သာ အထက်မြန်မာနိုင်ငံတွင် တည်ရှိခဲ့သည်။ တခြာမြို့များရှိ ဒီဂရီကောလိပ် တို့ကသာ ဘာသာအနည်းငယ်ကို မန္တလေးတက္ကသိုလ် နှင့်ချိတ်ဆက်သင်ကြားခဲ့သည်။
၁၉၅၉ ခုနှစ် နိုဝင်ဘာလတွင် မန္တလေး နှစ်တစ်ရာပြည့် ရာပြည့်ပွဲတော်ကို မန္တလေးတောင်ခြေတွင် ကျင်းပခဲ့ပြီး မန္တလေးရာပြည့်ပွဲတော် အမှတ်တရ တံဆိပ်ခေါင်းကိုလည်း ထုတ်ဝေခဲ့သည်။
[[အိမ်စောင့်အစိုးရ]]လက်ထက် (၁၉၆၂ - ၁၉၈၈) အတွင်း တံခါးပိတ်ဝါဒ ကျင့်သုံးခဲ့သဖြင့် မန္တလေးမြို့၏ အသွင်အပြင်မှာ ကျဆင်းခဲ့ရသည်။ ၁၉၈၀ အစောပိုင်းမှာတော့ အထပ်နှိမ့် အဆောက်အအုံအသစ်များ ပေါ်ပေါက်လာခဲ့သည်။ လမ်းမများပေါ်မှာ စက်ဘီးများဖြင့် စည်ကားလျက်ရှိပြီး စက်ဘီးမြို့တော်ဟု နာမည်တွင်ခဲ့သည်။ ၁၉၈၁ ခုနှစ် မေလ တွင် လောင်ကျွမ်းခဲ့သောမီးကြောင့် အိမ် ၆၀၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ရပြီး လူဦးရေ ၃၆၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ၁၉၈၄ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် လောင်ကျွမ်းခဲ့သောမီးကြောင့် အိမ် ၂၇၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး လူပေါင်း ၂၃၀၀၀ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။ မီးလောင်မှုများဟာ မန္တလေးမြို့ရဲ့ တိုးတက်မှုကို တုံ့နှေးစေခဲ့သည်။ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ တွင် လောင်ခဲ့သောမီးကြောင့် မန္တလေးမြို့၏ ဒုတိယအကြီးဆုံးဖြစ်တဲ့ ဈေး ရတနာပုံဈေး တစ်ခုလုံးပျက်စီးဆုံးရှုံးခဲ့ရသည်။ နောက်ထပ် အကြီးအကျယ်လောင်ကျွမ်းခဲ့သောမီးမှာ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီတွင် လောင်ကျွမ်းခဲ့သောမီးဖြစ်သည်။ အိမ် ၃၂၀ ကို လောင်ကျွမ်းခဲ့ပြီး လူဦးရေ ၁၆၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
== ထင်ရှားသောနေရာများ ==
[[မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)|မဟာမုနိဘုရား]]၊ [[မန္တလေးတောင်]]နှင့်[[ကျောက်တော်ကြီးဘုရား]]၊ [[ကုသိုလ်တော်]]၊ [[စန္ဒာမုနိ]]၊ [[ရန်ကင်းတောင်]]၊ [[ရေတံခွန်တောင်]]၊ [[တောင်ပြုန်း]]၊ [[ရတနာ့ဂူ]]၊ [[ရွှေစာရံဘုရား]]၊ [[တောင်တမန်အင်း]]နှင့် [[ဦးပိန်တံတား]]၊ [[မန္တလေး နန်းတော်]]တို့ဖြစ်ကြသည်။
=== မဟာမုနိ ===
{{main|မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)}}
[[File:mahamuni.jpg|thumb|right|မဟာမုနိ ရုပ်ရှင်တော်]]
မဟာမုနိဘုရား ရုပ်ပွားတော်ကြီးသည် မန္တလေးမြို့၏ အထင်ကရ နေရာ တစ်ခု ဖြစ်သည်။ ဂေါတမ မြတ်စွာဘုရားက ရင်ငွေ့တော် (၇)ကြိမ် ပေးခဲ့သဖြင့် သက်တော် ရှိသည်ဟု ယုံကြည်ကြသည်။ ဘိုးတော်ဘုရား([[ဗဒုံမင်း]])လက်ထက် ၁၇၈၄ ခုနှစ်တွင် သားတော်အိမ်ရှေ့မင်းသား ဦးပေါ်က[[ရခိုင်ပြည်နယ်|ရခိုင်]] မှပင့်ဆောင်ခဲ့သည်။
=== မန္တလေးတောင် ===
{{main|မန္တလေးတောင်}}
[[File:mandalay hill.jpg|thumb|right|မန္တလေးတောင်]]
မန္တလေးတောင်သည် မန္တလေးမြို့၏ မြောက်ဘက်တွင် တည်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်မှ ၂၃၀ မီတာ မြင့်သည်။ စေတီပုထိုးပေါင်း များစွာ တည်ထားသည်။ မန္တလေးတောင်သည် မန္တလေးမြို့ကိုအပေါ်မှ စီးပိုးအုပ်မိုးထားသကဲ့သို့ ရှိပေရာ၊ မန္တလေးတောင်ပေါ်မှနေ၍ ကြည့်သော်နန်းမြို့ရိုး၊ ကျုံးနှင့်တစ်ကွ မန္တလေးမြို့၏ ရှုခင်းကို ကောင်းမွန်စွာမြင်တွေ့ရပေသည်။ အရှေ့ဖက်သို့ မျှော်ကြည့်လိုက်လျှင် ရှမ်းရိုးမ
တောင်နှင့် အနောက်ဖက်သို့ ကြည့်လိုက်လျှင် ဧရာဝတီ မြစ်ကမ်းများကိုလည်း မြင်တွေ့နိုင်ပေသည်။ မန္တလေးဟူသော အမည်သည် 'မဏ္ဍလ' ဟူသော ပုဒ်မှ'မဏ္ဍလေး'၊ ထိုမှ 'မန္တလေး'ဖြစ်လာသည်ဟု ယူဆဖွယ်ရှိ၏။ အဓိပ္ပါယ်မှာ 'ပျံပျူးသာယာသော နယ်မြေ' ဟု ယူဆသော်ရ၏။အချို့က 'မန္ဓရေး' မှ ပြောင်းလာဟန်ရှိသည် ဟုဆိုကြသည်။ အဓိပ္ပါယ်မှာ 'ကျက်သရေတို့ကို ဆောင်အရပ်' ဖြစ်၏။ အချို့ကလည်း ရှေးပုံဂံခေတ်က မင်းရှင်စော မင်းကလေး မှီခိုနေသွားသော တောင်ဖြစ်ခြင်းကြောင့် မင်းကလေးတောင်ဟု တွင်ရာမှ မန္တလေးတောင်ဟူ၍ ဖြစ်လာပြီးလျှင်၊ နောင်သော် ထိုတောင်၏ ပတ်ဝန်းကျင်ရှိ မန္တလေးအရပ်တွင် မြို့တည်သဖြင့် မန္တလေးမြို့ဟု ဖြစ်ပေါ်လာသည်ဟုဆိုကြသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)</ref>
=== မန္တလေး နန်းတော် ===
{{main|မန္တလေး နန်းတော်}}
ကျုံးနှင့် မြို့ရိုး ကာရံထားသော မန္တလေး နန်းတော်ကြီးသည် [[ကုန်းဘောင်မင်းဆက်]]၏ ဘုရင်များ စိုးစံခဲ့သော နေရာဖြစ်သည်။ [[ဒုတိယ ကမ္ဘာစစ်]] အတွင်းက ဗုံးကြဲခြင်း အကြိမ်ကြိမ် ခံခဲ့ရပြီး ပျက်စီးခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ပြုပြင်၍ မြနန်းစံကျော် ရွှေနန်းတော် ကြီးကို ပြန်လည် တည်ဆောက်ခဲ့သည်။ မန္တလေးနန်းတွင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေပြုထားခြင်းကြောင့် သာမန်အရပ်သားများအဖို့ နန်းတွင်းဝင်ရောက်လည်ပတ်ရန်မလွယ်ကူပါ။
== ပို့ဆောင်ဆက်သွယ်ရေး ==
မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ အလယ်ဗဟိုချက်တွင် တည်ရှိပြီး အိမ်နီးချင်းနိုင်ငံများနှင့် ကူးသန်းသွားလာရေးနှင့် ကုန်စည်ပို့ဆောင်ရေးတို့အတွက် အချက်အချာကျသည်။ မြို့တွင်းသယ်ယူပို့ဆောင်ရေးစနစ်တွင် ဘတ်စ်ကားများရှိသော်လည်း တွင်ကျယ်စွာ အသုံးမပြုကြပေ။ စက်ဘီး၊ ဆိုင်ကယ်များကိုသာ အများဆုံးအသုံးပြုကြသည်။ ယခင်က စက်ဘီးမြို့တော်ဟု ခေါ်ဆိုခဲ့ကြသောလည်း ယခုအခါ ဆိုင်ကယ်မြို့တော်ဟုပင် ခေါ်ဆိုနိုင်ပေသည်။
အစိုးရအသစ်လက်ထက် မော်တော်ကားများကို တရားဝင်သွင်းခွင့်ပြုပြီးနောက် မော်တော်ကားအသုံးပြုသူ ပိုမိုများပြားလာခဲ့သည်။
=== လေကြောင်း===
ယခင်က [[မန္တလေးချမ်းမြသာစည်လေဆိပ်|ချမ်းမြသာစည်လေဆိပ်]]ကို အသုံးပြုခဲ့ပြီး ၂၀၀၀ ခုနှစ်တွင် [[တံတားဦးမြို့|တံတားဦးမြို့နယ်]]တွင် [[မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်]] ကို အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၀ အကုန်အကျခံ တည်ဆောက်ဖွင့်လှစ်ခဲ့သည်။ မန္တလေးမြို့မှ ၂၈မိုင်ခန့် အကွာမှာတည်ရှိသည်။ အဓိက အနေဖြင့် [[မြန်မာနိုင်ငံအခြေစိုက် လေကြောင်းလိုင်းများ|ပြည်တွင်းလေကြောင်းလိုင်းများ]] ဆင်းသက်လျက်ရှိပြီး ပြည်ပလေကြောင်းလိုင်းများမှ [[တရုတ်နိုင်ငံ]] [[ကူမင်းမြို့]]၊ [[ထိုင်းနိုင်ငံ]] [[ဘန်ကောက်မြို့]]၊ [[စင်ကာပူနိုင်ငံ]] စင်ကာပူမြို့ တို့နှင့် ချိတ်ဆက် ဆင်းသက်လျက်ရှိသည်။
=== ရေကြောင်း ===
မီးရထားလမ်း နှင့် ကားလမ်းများ အဆင်ပြေလာသော်လည်းမြန်မာ့ဂုဏ်ဆောင် ဧရာဝတီမြစ်မှာ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ဝါး နှင့် အခြားကုန်ပစ္စည်းများ ပို့ဆောင်ရန် အဓိကနေရာအဖြစ် တည်ရှိနေသေးသည်။
=== မီးရထားလမ်း ===
မန္တလေးဘူတာကြီးမှာ မြန်မာနိုင်ငံ၏ အဓိက အချက်အချာ လမ်းဆုံမှာ တည်ရှိသည်။ မန္တလေးမှ ရထားဖြင့် [[ရန်ကုန်မြို့]]၊ [[နေပြည်တော်]]၊ [[ပြင်ဦးလွင်မြို့]]၊ [[လားရှိုးမြို့]]၊ [[မုံရွာမြို့]]၊ [[ပခုက္ကူမြို့]]၊ [[ကလေးမြို့]]၊ [[ဂန့်ဂေါမြို့]]၊ [[ရွှေဘိုမြို့]]၊ [[ကောလင်းမြို့]]၊ [[နဘားမြို့]]၊ [[ကန့်ဘလူမြို့]]၊ [[မိုးညှင်းမြို့]]၊ [[ဟိုပင်မြို့]]၊ [[မိုးကောင်းမြို့]]၊ [[မြစ်ကြီးနားမြို့]] မြို့များသို့ ရောက်ရှိနိုင်သည်။
မန္တလေးမြို့တွင် ယခင်က မြို့ပတ် ဓာတ်ရထားရှိခဲ့သော်လည်း ယခုမြို့ပတ်ရထား စနစ်မရှိပေ။
=== ကားလမ်း ===
မန္တလေးမြို့သည် အိမ်နီးချင်း အင်အားကြီး နိုင်ငံများဖြစ်သော တရုတ်နိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့နှင့် ချိတ်ဆက်ရန်အတွက် အချက်အချာနေရာတွင် တည်ရှိသည်။ အာရှအမြန်လမ်းများသည် မန္တလေးမြို့ကို ဖြတ်သန်းသွားလာလျက်ရှိသည်။
* မြန်မာ - တရုတ်ကားလမ်း : မန္တလေး - တကောင်း - ဗန်းမော် - မြစ်ကြီးနား ကားလမ်း၊ မန္တလေး - မိုးကုတ် - ဗန်းမော်လမ်း၊ မန္တလေး - လားရှိုး - မူဆယ်လမ်း
* မြန်မာ - အိန္ဒိယကားလမ်း : မန္တလေး - စစ်ကိုင်း - မုံရွာ - ကလေးဝ - တမူးလမ်း
* ရန်ကုန် - နေပြည်တော် - မန္တလေး အမြန်လမ်းမကြီး
== လူဦးရေ ==
ကမ္ဘာ့ကုလသမဂ္ဂ၏ ခန့်မှန်းချက်များအရ ၂၀၀၇ ခုနှစ်တွင် မန္တလေးမြို့၏ လူဦးရေသည် စုစုပေါင်း ၁ သန်းခန့် ရှိသည်ဟု သိရသည်။ လူဦးရေ တိုးတက်နှုန်းများအရ ၂၀၂၅ ခုနှစ်တွင် မြို့နေလူဦးရေ စုစုပေါင်း ၁.၅ သန်းခန့်ရှိလာမည်ဟု ခန့်မှန်းထားသည်။ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု မြို့တော်ဖြစ်သော မန္တလေးမြို့သည် လွန်ခဲ့သော နှစ်ပေါင်း ၂၀ ခန့်က တရုတ်လူမျိုးများ ဝင်ရောက်လာခဲ့ပြီး တရုတ်ယဉ်ကျေးမှုများ စီးဆင်းဝင်ရောက်လာသည်။ တရုတ်လူမျိုးများသည် မြန်မာနိုင်ငံသား စီစိရေးကဒ်များကို တရားမဝင်ရကြသည်။ စာရေးဆရာမကြီး လူထုတော်အမာ က "ယူနန်လူမျိုးတို့၏ စစ်မကြေငြာပဲ နယ်ချဲ့ခြင်း" ဟု ပြောခဲ့သည်။ ယခုအခါ တရုတ်လူမျိုးများမှာ မြို့နေလူထု၏ ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ရှိနေပြီ ဖြစ်သည်။ အိန္ဒိယလူမျိုးများသည်လည်း မန္တလေးမြို့တွင် နေထိုင်ကြသည်။
ဗမာဘာသာစကားမှာ အဓိက ဘာသာစကားဖြစ်သည်။ တရုတ်ပြည်မကြီး စကားကို တရုတ်တန်း နှင့် စျေးချိုတော် အနီးတဝိုက်တွင် တွင်တွင်ကျယ်ကျယ် အသုံးပြုကြသည်။ အင်္ဂလိပ်ဘာသာစကားမှာ တတိယဘာသာစကား အဖြစ် ပြောဆိုနေကြသည်။
== စီးပွားရေး လုပ်ငန်းများ ==
မန္တလေးမြို့သည် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အထက်ပိုင်း ဒေသများ၏ အဓိက စီးပွားရေးစင်တာ တခု ဖြစ်သည်။ [[တရုတ်]] နှင့် [[အိန္ဒိယ]] တို့ကဲ့သို့သော ပြည်ပ ကုန်သွယ်မှုများအတွက် လမ်းကြောင်းသည် မန္တလေးမြို့ကို ဖြတ်သွားရသည်။ အဓိက စီးပွားရေးလုပ်ငန်းများမှာ ပိုးလုပ်ငန်း၊ ကျောက်စိမ်း ဖြတ်တောက် အရည်တင်ခြင်း၊ ပရိဘောဂ လုပ်ငန်း၊ အလှဆင်ကျောက်လုပ်ငန်း၊ ကျောက်ဆင်းတုတော်များနှင့် သစ်သား ရုပ်ပွားတော်များ ထုလုပ်ခြင်း၊ ငွေပြားခတ်ခြင်း၊ ရွှေဆိုင်းခတ်ခြင်း၊ အစရှိသည်တို့ ဖြစ်ကြသည်။
== မြို့နယ်များ ==
မန္တလေးမြို့သည် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ၏ အုပ်ချုပ်မှုတွင် တည်ရှိသည်။ မန္တလေးစည်ပင်သာယာရေးကော်မတီ နယ်နမိတ်တွင် အောက်ဖော်ပြပါ မြို့နယ် (၇) နယ်ပါဝင်သည်။
*[[မဟာအောင်မြေမြို့နယ်]]
*[[အောင်မြေသာဇံမြို့နယ်]]
*[[ချမ်းမြသာစည်မြို့နယ်]]
*[[ချမ်းအေးသာဇံမြို့နယ်]]
*[[ပြည်ကြီးတံခွန်မြို့နယ်]]
*[[အမရပူရမြို့ | အမရပူရမြို့နယ်]]
*[[ပုသိမ်ကြီးမြို့နယ်]]
== တက္ကသိုလ် များနှင့် ကောလိပ်များ ==
* [[မန္တလေးတက္ကသိုလ်]]
* [[ရတနာပုံတက္ကသိုလ်]]
* [[မန္တလေးနည်းပညာတက္ကသိုလ်]]
* [[မန္တလေးဆေးတက္ကသိုလ်]]
* [[မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်]]
* [[မန္တလေးကွန်ပျူတာတက္ကသိုလ်]]
* [[တိုင်းရင်းဆေးပညာတက္ကသိုလ်(မန္တလေး)]]
* [[ဆေးဝါးတက္ကသိုလ်(မန္တလေး)]]
* [[သူနာပြုတက္ကသိုလ်(မန္တလေး)]]
* [[သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး)]]
* [[အဝေးသင်တက္ကသိုလ်(မန္တလေး)]]
* [[ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(မန္တလေး)]]
== ယဉ်ကျေးမှု နှင့် အနုပညာ ==
မန္တလေးမြို့ တွင် ဝါကျွတ်ချိန်မှစ၍ တပို့တွဲတပေါင်း အထိ ပွဲလမ်းတွေ ဆက်နေသည်။ ဘုရားပွဲ၊ ကထိန်ပွဲ၊ အလှူပွဲ၊ ကျောင်းရေစက်ချ၊ ဘုန်းကြီးပျံ၊ မင်္ဂလာဆောင်၊ အောင်ပွဲ၊ ကလေးမွေးနေ့ပွဲ၊ ဘောလုံး အနိုင်ရ၍ ဂုဏ်ပြုပွဲ စသဖြင့် ကြံဖန်ပြီးကို ပွဲထည့် ပွဲခင်းကြသည်။ အထူးသဖြင့် ဘုရားပွဲတွေမှာ ဆိုလျှင် အငြိမ့်တွေ၊ ဇာတ်တွေ၊ တီးဝိုင်းတွေ၊ ဆိုင်းများ ဖောဖောသီသီ ပါတတ်သည်။
== စိတ်ဝင်စားဖွယ်နေရာများ ==
*[[ရတနာပုံ တိရစ္ဆာန်ဥယျာဉ်]]
*[[မြို့တော်ဥယျာဉ်]]
*[[မနော်ရမံဥယျာဉ်]]
== ညီအစ်မမြို့များ ==
* စီရီဘွန်၊ အင်ဒိုနီးရှား
* ကူမင်း၊ တရုတ်
* ဖနွမ်းပင်၊ ကမ္ဘောဒီးယား
== ကိုးကား ==
<references/>
<gallery>
Image:Mandalay kuthodaw.jpg| ကုသိုလ်တော်ဘုရား
Image:Atumashi monastery.JPG|အတုမရှိ ဘုန်းကြီးကျောင်း
Image:Kone Yoe mosque, Mandalay, Myanmar.JPG|ကုန်းရိုးဗလီ(၂၆ ဘီလမ်း)
Image:Mandalay Fort Wall.jpg|မန္တလေးမြို့ရိုး
Image:Mandalay Street.JPG|မန္တလေးလမ်း
Image:Mandalay, Myanmar.jpg|ဘူတာကြီး ရှေ့ မြင်ကွင်း
Image:Pariyatti Sasana University, Mandalay.jpg| နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်
Image:Mandalay Hill view, Myanmar.JPG|မန္တလေးတောင်
Image:University of Dental Medicine, Mandalay, Myanmar.jpg|သွား တက္ကသိုလ်
Image:University of Mandalay entrance, Myanmar.jpg|မန္တလေး တက္ကသိုလ် အဝင်
Image:University of Mandalay, Myanmar.jpg|မန္တလေး တက္ကသိုလ်
Image:University of Foreign Languages, Mandalay, Myanmar.jpg|နိုင်ငံခြားဘာသာသင် တက္ကသိုလ်
</gallery>
{{မန္တလေးတိုင်း}}
{{မြန်မာနိုင်ငံ မင်းဆက်များ}}
[[Category:မြန်မာနိုင်ငံ]]
[[Category:မန္တလေးတိုင်း]]All content in the above text box is licensed under the Creative Commons Attribution-ShareAlike license Version 4 and was originally sourced from https://shn.wikipedia.org/w/index.php?oldid=7844.
![]() ![]() This site is not affiliated with or endorsed in any way by the Wikimedia Foundation or any of its affiliates. In fact, we fucking despise them.
|