Difference between revisions 849806 and 904148 on sourceswiki{{header | title = အယ် ကာရန် ၄၆ ပုဒ် | author = စိန္တကျော်သူ ငဩ | translator = | section = | previous = [[ကဝိလက္ခဏသတ်ပုံ]] | next = [[ကဝိလက္ခဏသတ်ပုံ/အဲ|အဲ ကာရန် ၅၉ ပုဒ်]] | year = | notes = |portal = }} <poem> # ရောင်ခြည်ခြောက်သွယ် ဘဝဂ်ကယ် အံ့ဘွယ်ဆဲ့ရှစ်ဖြာ # ပရိသတ်လယ် ပျော်စံပယ် ဘုန်းကြွယ်လူ့ထွတ်ချာ # ရနံ့မပြယ် ပန်းစပယ် ခက်သွယ်နှာမောင်းဖြာ # မုရင်းတံစယ် ကောက်သန်လယ် ကတွယ်မစိုက်ရာ # ပျိုပျိုရွယ်ရွယ် နောင့်ဆွေမယ် ချစ်ဘွယ်များသည်သာ # မင်းဆက်ငါးသွယ် ရှင်ဘို့မယ် နန်းလယ်တင်သည်သာ # လဟာပြင်ကျယ် မိုးမှာကြယ် ပြိုင်ဆွယ်မနှုန်းရာ # ပိန်းကောလှေငယ် မြစ်ပင်လယ် အလွယ်မကူးသာ # အရိပ်နည်းငယ် မကုံကယ် ကုန်စယ်သွားလေပါ # ဖေါင်းစိမ်းသက်ငယ် ကိုင်းစက်စယ် ပိတ်ကွယ်မိုးရှက်ကာ # တုံ့ပယ်တုံ့ပယ် ယက်ကန်းရှယ် သွယ်လှယ်ပြန်လူးလာ # သပ်သပ်ပါယ်ပါယ် ပျိုနုနယ် ထက်ဝယ်ဘွဲ့ခွေကာ # မင်းပရိယာယ် ငတင့်တယ် နားဝယ်မလည်ရှာ # ပြက်ပြက်ပြယ်ပြယ် ငရဲလွယ် မျိုးနွယ်မြတ်ဆန်းသာ # ရတုချဘွယ် အသွယ်သွယ် ခြောက်ဆယ်ကိရိယာ # ဆန်းဆန်းကြယ်ကြယ် ပညာကျယ် တဆယ်ဥပစာ # စင်စင်ကြယ်ကြယ် မျက်စုံချယ် လည်ဝယ်ဆွဲစရာ # မနှိပ်မနယ် အလမ္ပာယ် ကယ်ဆယ်မစပါ # ငပြေငဖယ် စက်ဆုပ်ဘွယ် မဝယ်မခြမ်းရာ # ရေကိုဖလှယ် အိုးသစ်စယ် သံဒယ်မဖြစ်ရာ # အခြင်ရနယ် မြဲအောင်တွယ် မျှော့မယ်နနှင့်သာ # ဒီပဲရင်းဝယ် ကိုးသန်းပယ် ထိုနယ်လေးမျက်နှာ # လက်ဖြင့်ဆုပ်နယ် ကြာပွင့်နှယ် ညှိုးငယ်မဲ့မျက်နှာ # ပြုံးပြုံးရယ်ရယ် အကယ်ကယ် ကျိန်တွယ်မဲ့သစ္စာ # ချီချီသယ်သယ် ထုပ်ပိုးလွယ် လဲလှယ်သူ့ဥစ္စာ # နွမ်းလည်းနွမ်းနယ် ဟင်းနုနယ် သိပ်နယ်မချက်ရာ # လ္လက်ချောင်းဝယ် မှတ်သောနှယ် ချိန်တွယ်ကိုးဗိဿာ # ပတ်မှာတံရှယ် ကြိုးဖြင့်သွယ် ညာဘယ်တီးဘို့သာ # ကိုးကိုးကွယ်ကွယ် ပုဗ္ဗကြယ် ရည်ရွယ်ပတ္ထနာ # သမင်ဒရယ် ဖြင်ပေါပယ် နကျယ်သတ္တဝါ # သံတအယ်အယ် သုရကာယ် အပါယ်လေးဘုံမှာ # ကလနားဝယ် အဖျားသွယ် သံနယ်ဆူးကန့်ကာ # ယွန်းပြည်ဇင်းမယ် ကျိုင်းကိုးသွယ် မိုင်းကယ်ရှမ်းတို့ရွာ # မော်တုံမော်ကယ် ရွာမိုင်းအွယ် သုံးဆယ်သီပေါမှာ # ပြည်အန္တရာယ် ဖြစ်စဘွယ် ပြည်စွယ်မချိုးရာ # တလိုင်းသဘွယ် လူသူငယ် နောက်ဖယ်မရိတ်သာ # ကြေးနီတဆယ် ငွေတဆယ် သည်ဖွယ်သုံးဗိဿာ # သစ်ကြားသစ်အယ် စားချင်ဘွယ် ဓါးဝယ်မြို့ကျေးမှာ # သလေးကောက်သွယ် နွားနှင့်နယ် ရွှေနွယ်တုသိတာ # အချင်းအိုဟယ် အာလုပ်သွယ် အဘယ်ခေါ်ဝေါဟာ # နံနွင်းကသယ် လိမ်းဆီနယ် မီးမယ်ဖျူးပါးမှာ # မြင်းကျော်ဗွေဝယ် ပြက်သချယ် လယ်ပယ်ဘွဲ့ချင့်စာ # ရွှေဝမြို့ဝယ် တံခါးငယ် မလွယ်ရှစ်ပေါက်သာ # ပဲကူးမြို့ဝယ် မွေသောက်သွယ် သပ္ပါယ်ရှုစရာ # အသွယ်အသွယ် နတ်ပွဲပွယ် နာဘွယ်သူ့နှုတ်လျှာ # မြက်သီးခပ်ခွယ် အဝကျယ် ညာဘယ်ယမ်းတိုင်းပါ </poem>⏎ ⏎ [[Category:မြန်မာဘာသာ]] [[Category:သံပေါက်]] All content in the above text box is licensed under the Creative Commons Attribution-ShareAlike license Version 4 and was originally sourced from https://sources.wikipedia.org/w/index.php?diff=prev&oldid=904148.
![]() ![]() This site is not affiliated with or endorsed in any way by the Wikimedia Foundation or any of its affiliates. In fact, we fucking despise them.
|