Difference between revisions 850535 and 850538 on sourceswiki

{{header
 | title      = စန္ဒကုမာရဇာတ်တော်ကြီး
 | author     = မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
 | override_author 		=
 | editor	  =
 | translator =
 | contribuor =
 | override_contributor =
 | section    = နိဂုံး
 | previous   = [[စန္ဒကုမာရဇာတ်တော်ကြီး/အခန်း-၁၃|ဇာတ်တော်ကို ပေါင်းခြင်း]]
 | previous2  =
 | next       = [[စန္ဒကုမာရဇာတ်တော်ကြီး|စန္ဒကုမာရဇာတ်တော်ကြီး]]
 | next2      =
 | year       = 
 | notes      = 
 | edition    =
 | categories =
 | shortcut   =
 | portal     =
}}

<poem>
'''နတ်ပဒေသာ''' မြတ်သုဓါကို သတ္တဝါလူ သုံးရပ်သူဝယ် ပူဆာကိလေ ကင်းငြိမ်းစေဟု ငှဝေသနား မိန့်ခဲ့ထားသား တရားနို့ရည် အင်ကိုးမည်တွင် ဝဲလည်ပမာ ရှေးသံသာက ချမ်းသာဆင်းရဲ မလွဲဖြစ်မှု ဇာတ်တော်စုကို ဝတ္ထုကြောင်းလျော် ပြမြွက်ဖေါ်သား ထိုရော်အခါ သုံးလူ့ခြာလျှင် ရာဟုလာမိ ရွှေသတိနှင့် အမိအဘ မပြားကြသား ဒေဝဒဟ ပြည်မသေဌ်နင်း ဦးရီးမင်း၏ သားရင်းရင်နှစ် ဖြစ်သားမျိုးမြတ် ဒေဝဒတ်၏ ဌုပ္ပတ်ကြိမ်လာ ရတနာအား သံသရာရှေးတိတ် ဝေရီစိတ်ဖြင့် သေဟိတ်မကောင်း ကြံဘူးကြောင်းကို သံညောင်းမြွက်ပြန် မကြွင်းကျန်သား ခဏ္ဍဟာလ ဇာတကလျှင် ဤမျှစေ့စုံ သိဒ္ဓိကြုံရှင့် ထုံးပုံစကား ဤတရားကို မှတ်သားမြဲဆင် သုံးလူ့ရှင်မျှ ရှစ်အင်လောကဓံ နိယံမသွေ တွေ့ရချေရှင့် ကိလေပြောထူ ငါတို့မူကား ရန်သူဘယ်မှာ လွတ်နိုင်ရာဟု ပညာမျှော်ဆ သံဝေဂဖြင့် ဝဋ်မှကွာဆု လုံ့လပြုလျက် ကုသိုလ်ပွါးတက် ကောင်းကျိုးနှက်၍ မှောင်စက် ပြတ်ကြစေသတည်း ။

'''ဖတ်မပြေရာ''' ထုံးနည်းနာဖြင့် ဤစာမျက်ရှု ဇာတ်ဝတ္ထုကို စကုမှန်ကင်း ကျော်သတင်းနှင့် မင်းပူးဟူသည် ရပ်သာစည်တွင် အသည်ခေါင်းသား ပျိုထွားနုနယ် အာဒိရွယ်က သုံးသွယ်ပညာ သုတရှာလျက် သံသာမျက်မှောက် ကောင်းကျိုးဆောက်သား မောင်ထောက်မည်ဆို လုလင်ပျိုလျှင် မဂ်ဖိုလ်ရငှါ တောင်းပန်ရာတွင် ပညာပါရမီ ဖြည့်သူညီအောင် ဂမ္ဘီလေးနက် မိန့်ဟောစက်မှ သိခက်ခဲစွာ ပုဒ်ဂါထာကို မြန်မာသံချေ စကားပြေဖြင့် သင့်နေဓိပ္ပါယ် မကျယ်မကျဉ်း မလျဉ်းမပါး စကားစုံစေ့ ချောမြေ့ပြေပြစ် ကျစ်လစ်လှစွာ သာသနာစီးပွါး အများတကာ မှတ်စိမ့်ငှါဟု စိန္တာသုတ နေနှယ်ပလျက် ပဌမအရွယ် နုနယ်ပျိုသက် ရှင်လက်ထက်က လေ့ကျက်ဋီကာ ဌကထာနှင့် ညဝါပဌာန်း ဆန်းအလင်္ကာ နည်းနာစေ့စုံ တတ်မျိုးစုံလျက် အာဂုံလေ့လာ စွမ်းပညာဖြင့် ရောင်ဝါရွှင်ပျ ဩဘာသဟု နာမနုနယ် ပဉ္စင်းငယ်လျှင် မှတ်လွယ်စေမှု ထုတ်ဖေါ်ပြုသား ဝတ္ထုဤစာ နတ်သုဓါကို သဒ္ဓါကြည်ဖြူ လေးမြတ်မူဖြင့် ဆွတ်ယူလေ့ကျက် ပညာသက်၍ '''ဆောင်ရွက် မှတ်ကြစေသတည်း''' ။

'''မြတ်မဟေသာ''' သိစိမ့်ငှါလျှင် မှာပိမ့်ဤစာ သာသနာကား ဒွယာသဟဿ တိသတနှင့် ဝီသနောက်မှာ ဆသင်္ချာတည့် ကောဇာသက္ကရာဇ် ရောက်သည်နှစ်ကား ဧက်နှင့်ဧက ဇယစတု ခါကောင်းရှုလျက် ရတုဟေမန် မြောက်လေပြန်၍ နှင်းသွန်ကျစို လပြာသိုဝယ် ခွါညိုပွင့်သော် လပြည့်ကျော်သား ဝေါဟာဓလေ့ ငါးရက်စေ့၌ နေ့တနင်းလာ အခါကောင်းလတ် ကုန်မြတ်ရာသီ လက်သို့ညီလျက် သသီကရကဋ် နက္ခတ်အဿလိသ် အမြိတ္တစုတ် မယုတ်နေမင်း ဓနုချဉ်း၍ နဝင်းစနေ တြင်းရေမှု ကုမ္ဘေနိုင်ငံ သောရာလျှံရှင့် ရွှင်စံပျော်မြဲ ခါကောင်းထဲတွင် မလွဲမလေး မနှေးဆောလျင် သိဒ္ဓိထင်ရှင့် ဤလျှင်နည်းတူ ခပ်သိမ်းသူလည်း မပူမဆာ ချမ်းသာကျိုးစက် ဘုန်းမျိုးတက်၍ '''လောင်မြက် လွတ်ကြစေသတည်း''' ။
</poem>