Revision 904148 of "ကဝိလက္ခဏသတ်ပုံ/အယ်" on sourceswiki

{{header
 | title      = အယ် ကာရန် ၄၆ ပုဒ်
 | author     = စိန္တကျော်သူ ငဩ
 | translator = 
 | section    = 
 | previous   = [[ကဝိလက္ခဏသတ်ပုံ]]
 | next       = [[ကဝိလက္ခဏသတ်ပုံ/အဲ|အဲ ကာရန် ၅၉ ပုဒ်]]
 | year       = 
 | notes      = 
 |portal      = 
}}
<poem>
# ရောင်ခြည်ခြောက်သွယ် ဘဝဂ်ကယ် အံ့ဘွယ်ဆဲ့ရှစ်ဖြာ
# ပရိသတ်လယ် ပျော်စံပယ် ဘုန်းကြွယ်လူ့ထွတ်ချာ
# ရနံ့မပြယ် ပန်းစပယ် ခက်သွယ်နှာမောင်းဖြာ
# မုရင်းတံစယ် ကောက်သန်လယ် ကတွယ်မစိုက်ရာ
# ပျိုပျိုရွယ်ရွယ် နောင့်ဆွေမယ် ချစ်ဘွယ်များသည်သာ
# မင်းဆက်ငါးသွယ် ရှင်ဘို့မယ် နန်းလယ်တင်သည်သာ
# လဟာပြင်ကျယ် မိုးမှာကြယ် ပြိုင်ဆွယ်မနှုန်းရာ
# ပိန်းကောလှေငယ် မြစ်ပင်လယ် အလွယ်မကူးသာ
# အရိပ်နည်းငယ် မကုံကယ် ကုန်စယ်သွားလေပါ
# ဖေါင်းစိမ်းသက်ငယ် ကိုင်းစက်စယ် ပိတ်ကွယ်မိုးရှက်ကာ
# တုံ့ပယ်တုံ့ပယ် ယက်ကန်းရှယ် သွယ်လှယ်ပြန်လူးလာ
# သပ်သပ်ပါယ်ပါယ် ပျိုနုနယ် ထက်ဝယ်ဘွဲ့ခွေကာ
# မင်းပရိယာယ် ငတင့်တယ် နားဝယ်မလည်ရှာ
# ပြက်ပြက်ပြယ်ပြယ် ငရဲလွယ် မျိုးနွယ်မြတ်ဆန်းသာ
# ရတုချဘွယ် အသွယ်သွယ် ခြောက်ဆယ်ကိရိယာ
# ဆန်းဆန်းကြယ်ကြယ် ပညာကျယ် တဆယ်ဥပစာ
# စင်စင်ကြယ်ကြယ် မျက်စုံချယ် လည်ဝယ်ဆွဲစရာ
# မနှိပ်မနယ် အလမ္ပာယ် ကယ်ဆယ်မစပါ
# ငပြေငဖယ် စက်ဆုပ်ဘွယ် မဝယ်မခြမ်းရာ
# ရေကိုဖလှယ် အိုးသစ်စယ် သံဒယ်မဖြစ်ရာ
# အခြင်ရနယ် မြဲအောင်တွယ် မျှော့မယ်နနှင့်သာ
# ဒီပဲရင်းဝယ် ကိုးသန်းပယ် ထိုနယ်လေးမျက်နှာ
# လက်ဖြင့်ဆုပ်နယ် ကြာပွင့်နှယ် ညှိုးငယ်မဲ့မျက်နှာ
# ပြုံးပြုံးရယ်ရယ် အကယ်ကယ် ကျိန်တွယ်မဲ့သစ္စာ
# ချီချီသယ်သယ် ထုပ်ပိုးလွယ် လဲလှယ်သူ့ဥစ္စာ
# နွမ်းလည်းနွမ်းနယ် ဟင်းနုနယ် သိပ်နယ်မချက်ရာ
# လ္လက်ချောင်းဝယ် မှတ်သောနှယ် ချိန်တွယ်ကိုးဗိဿာ
# ပတ်မှာတံရှယ် ကြိုးဖြင့်သွယ် ညာဘယ်တီးဘို့သာ
# ကိုးကိုးကွယ်ကွယ် ပုဗ္ဗကြယ် ရည်ရွယ်ပတ္ထနာ
# သမင်ဒရယ် ဖြင်ပေါပယ် နကျယ်သတ္တဝါ
# သံတအယ်အယ် သုရကာယ် အပါယ်လေးဘုံမှာ
# ကလနားဝယ် အဖျားသွယ် သံနယ်ဆူးကန့်ကာ
# ယွန်းပြည်ဇင်းမယ် ကျိုင်းကိုးသွယ် မိုင်းကယ်ရှမ်းတို့ရွာ
# မော်တုံမော်ကယ် ရွာမိုင်းအွယ် သုံးဆယ်သီပေါမှာ
# ပြည်အန္တရာယ် ဖြစ်စဘွယ် ပြည်စွယ်မချိုးရာ
# တလိုင်းသဘွယ် လူသူငယ် နောက်ဖယ်မရိတ်သာ
# ကြေးနီတဆယ် ငွေတဆယ် သည်ဖွယ်သုံးဗိဿာ
# သစ်ကြားသစ်အယ် စားချင်ဘွယ် ဓါးဝယ်မြို့ကျေးမှာ
# သလေးကောက်သွယ် နွားနှင့်နယ် ရွှေနွယ်တုသိတာ
# အချင်းအိုဟယ် အာလုပ်သွယ် အဘယ်ခေါ်ဝေါဟာ
# နံနွင်းကသယ် လိမ်းဆီနယ် မီးမယ်ဖျူးပါးမှာ
# မြင်းကျော်ဗွေဝယ် ပြက်သချယ် လယ်ပယ်ဘွဲ့ချင့်စာ
# ရွှေဝမြို့ဝယ် တံခါးငယ် မလွယ်ရှစ်ပေါက်သာ
# ပဲကူးမြို့ဝယ် မွေသောက်သွယ် သပ္ပါယ်ရှုစရာ
# အသွယ်အသွယ် နတ်ပွဲပွယ် နာဘွယ်သူ့နှုတ်လျှာ
# မြက်သီးခပ်ခွယ် အဝကျယ် ညာဘယ်ယမ်းတိုင်းပါ
</poem>

[[Category:မြန်မာဘာသာ]]
[[Category:သံပေါက်]]